Sunday, November 26, 2017

ဟီးချောရဲ့ချစ်ရေးဆိုခြင်းကို အကြိမ်ကြိမ်ခံခဲ့ရကြောင်း ဂိုဟာရာဆို

Image may contain: 2 people, people smiling, people standing, shoes and text
တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့ပ် ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဟီးချောနဲ့ ဂိုဟာရာ တို့အကြားက ဇာတ်လမ်းတွေဟာတော့ လတ်တလောမှာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါ တယ်။ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ဂိုဟာရာက မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ဟီးချောက သူ့ကို အကြိမ်ကြိမ်ချစ်ရေးဆိုခဲ့ကြောင်း ဖွင့်ဟပြော ကြားခဲ့တာဖြစ်တယ်လို့ ကိုရီးယားဘိုးဒေါ့ ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဂိုဟာရာနဲ့ ဟီးချောတို့ဟာ ရုပ်သံအစီ အစဉ်များစွာမှာ အစီအစဉ်တင်ဆက်သူတွေ အဖြစ် အတူတူတွဲဖက်ဆောင်ရွက်ခဲ့ကြပြီး ဒီလိုဆောင်ရွက်ခဲ့ချိန်တွေမှာ ဟီးချောက သူ့ကို လက်ထပ်နိုင်မလားရယ်လို့ အကြိမ်ကြိမ်မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ဂိုဟာရာက ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟီးချောကတော့ သူ့အနေနဲ့ ဒီလိုပြောကြားခဲ့ဖူးခြင်း မရှိဘူးလို့ ပြန်လည်ငြင်းခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment