Sunday, November 26, 2017

စပါးအထွက်နှုန်းမြင့်မားရေးပညာပေးခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်

Image may contain: 1 person, grass, child, outdoor and nature
လိပ်သို နိုဝင်ဘာ ၂၅
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့သည် တောင်ပေါ် ဒေသဖြစ်ပြီး တောင်ယာစိုက်ပျိုးခြင်း၊ တောင်စောင်း စိုက်ပျိုးနည်း၊ ဒေသစိုက်ပျိုးနည်းများဖြင့် ယခင်ကများစွာ စိုက်ပျိုးလေ့ရှိရာ အထွက်နှုန်းတိုးစပါးထွက်ရှိကာ ဈေးကွက်ရရှိစေရေးအတွက် ရည်ရွယ်ပြီး လက်ဘက် အင်းကြီးကျေးရွာ တောင်သူဦးသောင်းဟန်၏ (B.M.P)စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုးစိုက်ခင်းတွင် တောင်သူများအားပညာပေးခြင်းနှင့် မိုးစပါးစံကွက်ရိတ် သိမ်းခြင်းများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့အတွင်း (B.M.P)နည်းစနစ်ဖြင့် မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှာ စိုက်ဧက ၂ဝ ကျော်၊ ယာဒို ဒေသမှာတော့ စိုက်ဧက ၅ဝ ကျော် စုစုပေါင်းစပါးစိုက်ဧက ၇ဝ ကျော်ရှိပြီး ဒေသအတွင်း စိုက်ဧကများ ကျယ်ပြန့်စေ ရေးအတွက် ရည်ရွယ်ပြီး ကျေးရွာဒေသအနှံ့ ပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးပြီး ယခုအခါ ရိတ်သိမ်းကာလတွင် အထွက်နှုန်း သိရှိစေဖို့အတွက် စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း လိပ်သိုမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဌေးက ပြောကြားသည်။
လက်ဘက်အင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ တောင်သူများအား မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဌေး နှင့်ဝန်ထမ်းများက စိုက်ပျိုးရေးတွင် စပါး အထွက်နှုန်း ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ နည်းစနစ်တကျ စပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုကျယ်ပြန့် စေရေးအတွက် နည်းပညာပေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် လိပ်သိုမြို့အုပ်ချုပ်ရေးမှူးဦးစော မြတ်ကျော်၊ လယ်/စာရင်းအင်း ဦးစီးဌာနမှဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများသည်(B.M.P)စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုးစေ့ထုတ် စိုက်ခင်း တွင် စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း အစို တင်း ၁ဝ၁ တင်းထွက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment