Sunday, November 26, 2017

၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံတကာရေပိုင်နက်အတွင်း ပထမဆုံးရေပေါ်မြို့တော်တည်ဆောက်မည်

No automatic alt text available.
လာမည့် ၂ဝ၂ဝ ခုနှစ်တွင် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နိုင်ငံတကာရေပိုင်နက်ပေါ်တွင် ကမ္ဘာ့ပထမဆုံး ရေပေါ်မြို့တော်ကိုSeasteading Institute လုပ်ငန်းမှ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်လာ သန်းပေါင်း ၁၇ဝ နီးပါးကုန်ကျမည်ဖြစ် သည့် အဆိုပါ စီမံကိန်းကို PayPal တည် ထောင်သူ Peter Thiel က စတင်ရင်းနှီးမြှုပ်နှံ ပေးသွားမည်ဖြစ်ကာ မြို့တော်၏အခြေခံ အဆောက်အအုံများဖြစ်သည့် ဆေးရုံ၊ ကျောင်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအဖွဲ့အစည်းများ ကို အဓိကထား အကောင်အထည်ဖော်သွားမည် ဟု သိရသည်။
လူနေအိမ်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်အစရှိသည်များလည်း ပါဝင်မည်ဖြစ်ပြီး လူပေါင်း ၂ဝဝ မှ ၃ဝဝ အတွင်း နေထိုင်နိုင်ရန် တည်ဆောက်ပေးသွားမည်ဖြစ်ကာ စီမံကိန်း အောင်မြင်ပါက အခြားရေပေါ်မြို့တော်များ ကို ထပ်မံ တည်ဆောက်သွားဖွယ်ရှိသည်ဖြစ် ကြောင်း သိရသည်။
မြို့တော်တွင် ကိုယ်ပိုင်ဥပဒေနှင့် အုပ်ချုပ်ရေး စနစ်လည်း ပါဝင်လာမည်ဖြစ်ပြီး စွမ်းအင် ပြန်လည်ဖြည့်တင်းရေးစနစ်များ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ALEX

No comments:

Post a Comment