Sunday, November 26, 2017

ချည်မျှင်ရှည်ဝါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

Image may contain: plant, flower, tree, outdoor and nature
ကံမ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မရှေ့တန်းစခန်းရှိချည်မျှင်ရှည်ဝါသီးနှံ ငါးဧက စံပြစိုက်ကွက်၌ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပညာပေးကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု လေ့လာကြပြီး တောင်သူများသိရှိလိုသည့်မေးမြန်းချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ပြီး မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် အလေအလွင့်မရှိ ဝါကောက်သိမ်းရေး နည်း စနစ်များအား စိုက်ခင်းအတွင်း လက်တွေ့ပညာပေးပြသခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)

No comments:

Post a Comment