Sunday, November 12, 2017

အီတလီအား အနိုင်ရရှိခဲ့သည့် ဆွီဒင် ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်ရှိနေဆဲဖြစ်

Image may contain: 2 people, people smiling, people playing sports and outdoor
ဆွီဒင်အသင်းသည် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် play-off ပွဲစဉ် ပထမအကျော့အဖြစ် အီတလီ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ဝင်ခွင့်တစ်နေရာ ရရှိရေး မျှော်လင့်ချက်မှာ ဆက်ရှိနေဆဲဖြစ်သည်။
ဆွီဒင်အသင်းသည် အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ပွဲချိန် ပြည့်နီးပါး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၆၁ မိနစ်တွင် သွင်းယူခဲ့သော ဂျိုဟန်ဆန်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုဟန်ဆန်၏ အဆိုပါသွင်းဂိုးသည် ၎င်းအတွက် ဆွီဒင်အသင်းနှင့်အတူ သွင်းဂိုးယူခဲ့သည့် ပထမဆုံးသော နိုင်ငံတကာသွင်းဂိုး ဖြစ်သည်။
ယင်းပွဲစဉ်တွင် အီတလီအသင်းသည် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သော် လည်း နည်းပြဗာတူရာ၏ ၃-၅-၂ မဟာဗျူဟာသည် အလုပ်မဖြစ်ခဲ့ဘဲ နည်းပြအန်ဒါဆန်၏ ၄-၄-၂ ကစားကွက်ကသာ အသာစီးရရှိခဲ့ပြီး ဆွီဒင်အသင်းအတွက် ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက်ရောင်ခြည် ဆက်လက်ရှင်သန်နိုင်စေခဲ့သည်။
အီတလီအသင်းမှာမူ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဝင်ခွင့်တစ်နေရာရရှိရေး အတွက် အီတလီမြေ၌ ယှဉ်ပြိုင်ကစားရမည့် စူပေ-သ် ပွဲစဉ် ဒုတိယအကျော့တွင် အနိုင် ကစားနိုင်မှသာ မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိမှသာ အီတလီအသင်းအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment