နိုဝင်ဘာ ၁ဝ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်များတွင် ဘရာဇီး၊ ပြင်သစ်နှင့် ပေါ်တူဂီ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပြီး ဂျာမနီအသင်း၊ ဘယ်လ်ဂျီယံ အသင်းနှင့် အမေရိကန်အသင်းတို့မှာ သရေပွဲများသာ ဖြစ်ပေါ်ခဲ့ သည်။
ဘရာဇီးအသင်းသည် နေမာ၊ မာဆယ်လိုနှင့် ဂတ်ဘရီးဂျီးဆပ် တို့၏ သွင်းဂိုးများရရှိခဲ့ခြင်းကြောင့် ဂျပန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဂျပန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို မာကီနိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ဝေလအသင်းကို ဂရစ်ဇ်မန်းနှင့် အိုလီဗာ ဂီရောက်တို့၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြ ခရစ် ကိုးမန်း၏ ဝေလအသင်းကို စတိတ်ဒီဖရန့်ကွင်းအတွင်း၌ နောက် ကောက်ချနိုင်ခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ပေါ်တူဂီအသင်းနှင့် ဆော်ဒီအာရေး ဘီးယားအသင်းတို့ပွဲစဉ်တွင် ပေါ်တူဂီအသင်းသည် ဖာနန်ဒက်စ်၊ ဂူဒက်စ်နှင့် မာရီယိုတို့၏ သွင်းဂိုးများဖြင့် သုံးဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ဘယ်လ်ဂျီယံအသင်းနှင့် မက္ကဆီကို အသင်းတို့ပွဲစဉ်တွင်လည်း တစ်ဖက်သုံးဂိုးစီ သရေရလဒ်ထွက်ပေါ် ခဲ့သည်။
ကျန်ပွဲစဉ်များတွင် တောင်ကိုရီးယားအသင်းက ကိုလံဘီယာ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဆာဘီးယားအသင်းက တရုတ်အသင်းကို နှစ်ဂိုးပြတ်ဖြင့်လည်းကောင်း၊ ယူကရိန်းအသင်းက ဆလိုဗက်ကီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ဂျော် ဂျီယာအသင်းက ဆိုက်ပရပ်စ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး ပိုလန်အသင်းနှင့် ဥရုဂွေးအသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိသရေနှင့် ကနေဒါနှင့် အမေရိကန်အသင်းတို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်များထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment