Wednesday, November 29, 2017

ပြိုကျ ကျောက်မီးသွေးတွင်းရှိ ၁ဝ ဦးအနက် လေးဦး လွတ်မြောက် ထပ်ဆင်းသွားသူ နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးသွားဖွယ်ရှိ

Image may contain: 3 people, people standing and outdoor
မင်းဘူး နိုဝင်ဘာ ၂၈
မင်းဘူးမြို့နယ်အတွင်းရှိ ဟန်ထက်(၁)ကျောက်မီးသွေးကုမ္ပဏီမှ တွင်းလုပ်သား ၁ဝ ဦးမှာ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက လုပ်ငန်းခွင်ထဲ၌ တွင်းပြိုကျမှု ကြုံတွေ့ခဲ့ရပြီး လေးဦး လွတ်မြောက်လာခဲ့သော်လည်း ကျန်ခြောက်ဦးနှင့် အခြေ အနေ ကြည့်ရှုရန်ဆင်းသွားသည့် နောက်ထပ်နှစ်ဦး ထပ်မံပိတ်မိခဲ့ကာ အားလုံး သေဆုံးသွားဖွယ်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မီးသတ်ဦးစီး ဌာနမှ သိရသည်။
''ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်ထုတ် နိုင်ခဲ့ပါပြီ၊ ကျန်လူတွေရဲ့အပေါ်မှာ ခုနစ်ပေပတ်လည်၊ အထူ နှစ်ပေလောက်ရှိတဲ့ ကျောက်ပြားကြီးတစ်ချပ် ပိနေပါတယ်၊ အားလုံးသေဆုံးသွားပြီလို့ ယူဆရမလို ပါပဲ၊ တွင်းအပေါ်နဲ့ဘေးအကာတွေ ဆက်လက်ပြိုကျနိုင်တဲ့အတွက် မပြိုအောင် ဒေါက်ထောက်၊ ကာရံတာတွေ ဆက်လုပ်ပါမယ်၊ ကျောက်ပြားကြီးကို ခွဲထုတ်ပြီး မှ ထုတ်လို့ရမှာပါ''ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
ရွှေစက်တော်လမ်းဘေး သုံးမိုင်ခန့်အကွာ ကျောက်တစ်လုံးမြေနီကွင်း ဟန်ထက်(၁) ကျောက်မီးသွေးကုမ္ပဏီပိုင် အနက် ၂၅၃ ပေခန့်ရှိ ကျောက် မီးသွေးတွင်းမှ အလုပ်သမား ဖိုးချမ်းပါ ၁ဝ ဦးသည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က အနက်ပေ ၁၅ဝ နှင့် ၃ဝဝ ကြားရှိ မြေအောက်လိုဏ်ခေါင်းအတွင်းသို့ ကျောက်မီးသွေးတူးရန် ဆင်းသွားခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တွင်းဝမှ ကျောက်မီးသွေးတွင်းထဲသို့ လေမှုတ်သွင်းသည့် မိုးကာစအထူ လေပြွန်ပိုက် စက်အရင်း၌ ပိုက်ချုပ်ရိုးများ ပွင့်ထွက်သွားကာ ကျင်းအတွင်းမှ လေများ ရုတ်တရက် ပြန်ထွက်သွားခဲ့ကြောင်း၊ ယင်းအချိန်တွင် တွင်းအပေါ်နှင့် ဘေး အကာနံရံများ ပြိုကျသဖြင့် အတွင်းရှိလူများ ပိတ်မိကာ လေးဦးသာ ပြန်တက် လာနိုင်ခဲ့ကြောင်း သိရသည်။
ဆယ်ထုတ်ပြီးသော သေဆုံးသူ နှစ်ဦးမှာ ငဖဲမြို့နယ် အိုးမြေတွင်းရွာမှ အောင်ထူး (၂၂)နှစ်နှင့် အခြေအနေကြည့်ရန် နောက်မှ လိုက်ဆင်းသွားသူ နှစ်ဦးထဲမှ ကွတ်ခိုင်မြို့နယ်နေ အောင်ထွေး(ခ)ရှမ်းတရုတ် (၃၆)နှစ်တို့ဖြစ် ကြောင်း၊ ဦးဝင်းဌေး၊ ဦးဖိုးချမ်း၊ ဦးကျော်မင်း၊ ဦးကျော်မြင့်၊ ဦးကျော်စိုးနှင့် ကြည့်ရှုရန် ဆင်းသွားရင်း ပိတ်မိသူ တရုတ်နိုင်ငံသား Mr. Chen Changrui တို့ ခြောက်ဦးအား ဆယ်ထုတ်နိုင်ရန် ကြိုးစားနေပြီး နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် နှစ်ဦး၊ ညနေပိုင်းတွင် နှစ်ဦး ဖော်ယူရရှိ၍ တရုတ်နိုင်ငံသား နှင့် ဖိုးချမ်းသာ ကျန်ရှိကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment