Monday, November 27, 2017

ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ တောင်ပေါ်ရွာ ကျေးလက်ပြည်သူများအား အခမဲ့ ကွင်းဆင်းကုသ

Image may contain: 9 people, people sitting
ပေါင်းတည် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် (၅ဝဝ)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ် ကြီး ဒေါက်တာခင်မေသွင် ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်း ၅၄ ဦးတို့သည် နိုဝင်ဘာ ၂၅ ရက် က ပြည်ခရိုင် ပေါင်းတည်မြို့နယ် တောင်ပေါ် ဒေသဖြစ်သော ကြာနီကန်အုပ်စု ရှားပေါင် ကျေးရွာ အထကကျောင်း၌ ဆေးကုသခြင်း နှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီး များသည် ကျေးရွာအုပ်စု ငါးအုပ်စုမှ ကျေးလက် နေပြည်သူ ၅၅ဝ ကျော်အား အထွေထွေ ရောဂါ၊ ခွဲစိတ်၊ မီးယပ်နှင့် သားဖွား၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့် ခံတွင်း၊ ကလေးအထူးကု၊ အရိုးအကြောနှင့် အရေပြား ရောဂါတို့ကို အခမဲ့စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ပေးအပ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အဆင့်မြင့်စစ်ဆေးရန် လိုအပ် သော ရောဂါဝေဒနာရှင်များအားချိတ်ဆက် ၍ ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်ကာ ပြန်လည်ကုသပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
တင်ဝင်းဇော်(မင်းသားကြီး)

No comments:

Post a Comment