Monday, November 27, 2017

ပုပ်ရဟန်းမင်းကြီးခရီးစဉ် တိုက်ရိုက်ထုတ်လွှင့်ပြသမည်

Image may contain: one or more people, wedding and indoor
ရန်ကုန် နိုဝင်ဘာ ၂၆
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး လေးရက်ကြာနေထိုင်သွားမည့် ခရီးစဉ်နှင့်ပတ်သက်၍MITV၊ SKY Net (Uptodate) Channels တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး ရောက်ရှိလာခြင်းကိုလေဆိပ်၊ ကိုးမိုင်၊ ခုနစ်မိုင်၊ အင်းယားကန်(တံတားဖြူ)၊ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်လမ်း အစရှိသည့်
နေရာများတွင် ကြိုဆိုရေးအဖွဲ့များဖြင့် ကြိုဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ရောက်ရှိသည့်ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ဘာသာရေးခေါင်းဆောင်များ၊ ကက်သလစ်
ဘာသာဝင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ပရိသတ်များနှင့်အတူ မစ္ဆားပူဇော်ဝတ်ပြုဆုတောင်းခြင်းကိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
''လုံခြုံရေးကို တင်းကျပ်ထားမှာပါ။ ဘုရားဝတ်ပြုပွဲတော်ဖြစ်တဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်နေပေးကြဖို့၊ သပ်သပ်ရပ်ရပ်ဝတ်ပေးကြဖို့ ပြောချင်ပါတယ်၊ တချို့က သရုပ်ပျက်အဝတ်အစားတွေ၊ အင်္ကျီလက်ပြတ်တွေ ဝတ်လာရင် လူအများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာဖြစ်တဲ့အတွက် အဲဒီအချက်တွေကိုမေတ္တာရပ်ခံပါတယ်''ဟု ပြန်ကြားရေးတာဝန်ခံဖယ်သာရ်မာရီယာနိုစိုးနိုင်က ပြောသည်။
ပုပ်ရဟန်းမင်းကြီးခရီးစဉ်နှင့် ပတ်သက်၍ပြည်တွင်းပြည်ပသတင်းမီဒီယာများ ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်များကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်
ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment