အသက်(၂၅)နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ်ဟာ ချစ်သူဟောင်း ဂျက်စတင်ဘီဘာနဲ့ ပြန်လည်လက်တွဲခဲ့ပြီးနောက် တစ်ချိန်က အဆင်မပြေခဲ့တဲ့ သူ့ရဲ့မိသားစုနဲ့ ဂျက်စတင်ဘီဘာတို့အကြားက ဆက်ဆံရေးကို ကောင်းမွန် အောင်ကြိုးပမ်းဖို့အတွက် အစီအစဉ်ရှိနေတာဖြစ်ပြီး လာမယ့် ပိတ်ရက်တွေမှာ တော့ အချိန်တွေအတူကုန်ဆုံးရင်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်သွားလိုတာဖြစ်ကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။
ဆယ်လီနာနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြား ချက်အရ သူဟာ အသက်(၂၃)နှစ်အရွယ် ဂျက်စတင်ဘီဘာကို လာမယ့်အားလပ် ရက်တွေမှာ သူ့ရဲ့အိမ်ကိုခေါ်ဆောင်ကာ မိသားစုတွေနဲ့ တွေ့ဆုံပေးလိုတာ ဖြစ်ပေမယ့် တစ်ချိန်က ချစ်သူတွေအဖြစ် လက်တွဲခဲ့စဉ်ကာလအတွင်း ဂျက်စတင်ဘီဘာအနေနဲ့ ဆယ်လီနာအပေါ် ကျူးလွန်ခဲ့တဲ့နာကျင်မှုတွေကို တွေ့မြင်ခဲ့ရတဲ့ မိသားစုဝင်တွေက ဂျက်စတင်ဘီဘာကို နှစ်သက်ခြင်းမရှိတာ ကြောင့် ပြဿနာဖြစ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆယ်လီနာဂိုမက်ဇ်ကတော့ လာမယ့် ကျေးဇူးတော်နေ့ပိတ်ရက်တွေမှာ ဂျက်စတင်ဘီဘာကို သူ့ရဲ့အချစ်ရဆုံးသောသူတွေနဲ့သာ အချိန်တွေအတူကုန်ဆုံးစေလိုတာဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်းရင်းမြစ်တစ်ဦးက ''ဆယ်လီနာဟာ အားလပ်ရက်တွေကို တက္ကဆက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဂျက်စတင်ဘီဘာနဲ့ မိသားစုတွေနဲ့အတူ ကုန်ဆုံးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ သူက ဂျက်စတင်ဘီဘာနဲ့ သူ့ရဲ့မိသားစု အကြားက ဆက်ဆံရေးကိုလည်း ပြန်လည်ပြင်ဆင်လိုတာဖြစ်ပါတယ်၊ သူ့ရဲ့မိသားစုတွေကို ဂျက်စတင်ဘီဘာ ဘယ်လောက်ပြောင်းလဲသွားတယ်၊ ဘယ်လောက်ရင့်ကျက်သွားတယ်ဆိုတာ သက်သေပြချင်နေတာလည်း ဖြစ်ပါ တယ်''လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ဒါ့အပြင် ဆယ်လီနာဟာ ဂျက်စတင် ဘီဘာရဲ့ ပြောင်းလဲမှုတွေကို မိသားစုတွေကို သက်သေပြနိုင်မယ့်အရေးတွေးကာ စိတ်လှုပ်ရှားရင်ခုန်နေကြောင်းလည်း သိရပါတယ်။
ဂျက်စတင်ဘီဘာနဲ့ ရင်းနှီးသူတစ်ဦးကလည်း ပေါ့ပ်ကြယ်ပွင့်ဟာ လက်ရှိမှာ အသက်(၂၃)နှစ်အရွယ်သာရှိသေးပေမယ့် ချစ်သူများစွာနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ကာ သူ့ရဲ့နှလုံးသားကိုတော့ ဆယ်လီနာဂိုမက်ဇ် တစ်ဦး တည်းကသာ အပိုင်သိမ်းနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ ဆယ်လီနာအပြင် အခြားသောသူတစ်ဦးနဲ့ အချိန်ကုန်ဆုံးဖို့ စိတ်ကူးမရှိတော့တာလည်း ဖြစ်တယ် လို့ သိရပါတယ်။
အေးပြည့်
No comments:
Post a Comment