Monday, November 27, 2017

ကျောင်းဆရာတစ်ယောက်အနေနဲ့ လုံခြုံမှုရှိမယ်၊ အေးချမ်းမယ်ဆိုရင် ဘယ်နေရာမဆို တာဝန်ထမ်းဆောင်မှာပါ

Image may contain: 1 person, closeup
ဆရာ ဦးနေမျိုးနိုင် အမက(ခွဲ)ခုံတိုင်ကျေးရွာ
မောင်တော နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ယာယီပိတ်ထားခဲ့သော အခြေခံပညာအထက်တန်းကျောင်းများကို ပြီးခဲ့သော စက်တင်ဘာ လကုန်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခု နိုဝင်ဘာလကုန်ပိုင်း၌ မောင်တောခရိုင်အတွင်း ကျောင်းပေါင်း ၃ဝဝ ဝန်းကျင်အထိ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဆရာ ဆရာမ များအနေဖြင့် ယာယီစုပေါင်းနေထိုင်ကာ နီးစပ်ရာကျောင်းများသို့ သွားရောက်သင်ကြားနေရသည်။ လတ်တလော ဆရာ ဆရာမများအနေဖြင့် မောင်တောခရိုင်အတွင်း ပညာသင်ကြားပေးနေမှုအပိုင်းနှင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ ရမှုနှင့် ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုများအား ဖော်ပြလိုက်ပါသည်။
ဆရာ ဦးအေးထွန်း
အမက တရိန်းကျေးရွာ
ကျွန်တော်တို့ တရိန်းအမကကျောင်း က အောက်တိုဘာလကုန်ပိုင်းကတည်း က ဖွင့်နေပါပြီ၊ အခုမောင်တော လာတာက သင်တန်းအတွက် စာစဉ် တင်ရမယ်ဆိုလို့ ရောက်လာတာပါ၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်လည်း ကျွန်တော်တို့ကလေးတွေ အရေးအခင်း နဲ့ စာတွေနောက်ကျနေတော့ ဆရာ ဆရာမတွေအနေနဲ့ ကိုယ့်နယ်ကို မပြန်တော့ဘဲ အစားထိုးသင်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်၊ လစ်ဟာသွား တာတွေကို ကျွန်တော်တို့ ဆရာတွေ အနေနဲ့ အနစ်နာခံပြီး သင်ပေးသွား မှာပါ၊ တရိန်းမှာက အခုဆို တစ်ဝက် လောက်ပဲ ကျောင်းလာတက်ကြတယ်၊ အခုဖွင့်တဲ့ ကျောင်းတွေမှာက ထက်ဝက် ကျော်၊ ထက်ဝက်နီးပါးလောက်ပဲ ကျောင်းတက်ကြပါသေးတယ်၊ ဒီ မောင်တောဒေသ အဓိကအခက်အခဲ ကတော့ သွားရေးလာရေး၊ နေရေး ထိုင်ရေးကအစ အဆင်မပြေမှုတွေ ရှိပါတယ်၊ ကျောင်းဆရာဖြစ်နေတော့ လည်း အဆင်မပြေတဲ့ကြားက တပည့် သားသမီးတွေအပေါ်မှာ စေတနာ ရှေ့ထားပြီး သင်ကြားပေးနေရပါ တယ်၊ အကြမ်းဖက်ဖြစ်စဉ်ကာလမှာ ဆို ကျွန်တော်တို့ ကျောင်းဆရာတွေ တရိန်းမှာပဲရှိပါတယ်၊ ဖြစ်နေတဲ့ ကာလမှာ ဘယ်မှသွားလို့မရဘဲ ပိတ်မိနေပြီး စစ်တပ်ရိက္ခာပို့ကားတွေ၊ ကယ်ဆယ်ရေးကားတွေ လာတဲ့အခါ နီးစပ်ရာ ဆွေမျိုးရှိတဲ့ နေရာတွေကို သွားနေကြရတာပါ၊ အခုဆို စာစဉ်က ၂၅ ရက် နောက်ဆုံးထားတင်ရမယ် ဆိုတော့ ကားခ ငွေကျပ် ၁၅ဝဝဝ ပေးပြီးလာရတယ်၊ အသွား၊ အပြန်ဆို ငွေကျပ် ၃ဝဝဝဝ ကုန်သွားပြီ၊ ဆရာ တွေအနေနဲ့ လစာထုတ်ရတာလည်း မောင်တောအထိ လာထုတ်ရတော့ အဆင်မပြေဘူး၊ နီးစပ်ရာကျောင်း တွေမှာထုတ်ရရင် ပိုအဆင်ပြေမှာပါ၊ ဒါမှမဟုတ် ကျောင်းအုပ်ကြီးက တာဝန်ခံပြီးထုတ်ပေး ကုန်ကျစရိတ်ကို အားလုံးမျှခံဆိုရင် ပိုအဆင်ပြေမယ် လို့ထင်ပါတယ်။
ဆရာ ဦးနေမျိုးနိုင်
အမက(ခွဲ) ခုံတိုင်ကျေးရွာ
ကျွန်တော်တို့ ခုံတိုင်အမက(ခွဲ)မှာ သြဂုတ် ၂၅ ရက် အရေးအခင်းတုန်းက ကျောင်းသားတစ်ယောက် အသက် ဆုံးရှုံးသွားပါတယ်၊ ရွာက မီးရှို့ခံလိုက် ရတော့ ကျောင်းကလည်း အခုထိပိတ် ထားရပါတယ်၊ ကျောင်းသားတွေကို အခုဂျပ်ချောင်းကျေးရွာမှာ ပေါင်းပြီးသင် ပေးရမယ်လို့ ညွှန်ကြားထားတယ်၊ အခု ကျောင်းပြန်မဖွင့်သေးတော့ မသွားရသေးပါဘူး၊ ကျောင်းသား အများစုက မြိုလူမျိုးတွေများတော့ သင်ကြားမှုအပိုင်းမှာ ဘာသာစကား အခက်အခဲတော့ရှိပါတယ်၊ ဘာသာ စကားကျွမ်းကျင်တဲ့ ဆရာတစ်ဦး လောက်ရှိမယ်ဆိုရင်တော့ သင်ကြား ရေးအပိုင်းမှာ ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်၊ လမ်းပိုင်းဆိုင်ရာ ကတော့ အခက်အခဲအများကြီးရှိပါ တယ်၊ လစာလာထုတ်ရတာ မိုးတွင်းဆို တစ်ညအိပ်လောက် ကြာတယ်၊ အဲဒီ တော့ စာသင်ကြားမှုအပိုင်းမှာ မျှော်မှန်းထားသလောက် ထိရောက်မှု မရှိဘူး၊ လစာထုတ်တဲ့အခါမှာ တာဝန်ခံ တစ်ယောက်နဲ့ ထုတ်ပေးရင်တော့ ပိုအဆင်ပြေပါတယ်၊ ကျွန်တော်တို့ ကျောင်းဆရာတွေအနေနဲ့ ခံယူထား တာက လုံခြုံမှုရှိမယ်၊ အေးချမ်းမယ် ဆိုရင် ဘယ်နေရာမဆို သွားရောက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ဆရာ ဦးမောင်ဗျော့
သဒွတ်တော အမက(မူလွန်)
ကျွန်တော်တို့ကို နိုဝင်ဘာ ၂ဝ ရက်မှာ တာဝန်ကျတဲ့ကျောင်းတွေကို သွားခိုင်းပါတယ်၊ ဒါပေမယ့် ဒီလကုန် လစာထုတ်ပြီးမှ တာဝန်ကျတဲ့ကျောင်း ကို သွားနိုင်မှာပါ၊ လစာက ကိုယ်တိုင် လာထုတ်ရတာဆိုတော့ အသွား၊ အပြန်ခရီးစရိတ်နဲ့ အဆင်မပြေပါဘူး၊ မောင်တောကနေ ကျွန်တော် တာဝန် ကျတဲ့ဆီသွားရင် ငါးနာရီလောက် ကားစီးရပါတယ်၊ အရင်က ကားခ ငွေကျပ် ၅ဝဝဝ ပဲပေးရပေမယ့် အခု ကျပ် ၁၅ဝဝဝ ပေးရပါတယ်၊ ကျောင်း မှာ ကျောင်းသားအများစုက အစ္စလမ် ဘာသာဝင်တွေများပါတယ်၊ သင်ကြား ပေးတဲ့အခါမှာ သူတို့ဘာသာစကား ကို လေ့လာပြီး သင်ကြားပေးနေရ တယ်၊ ခုတော့ ငါးခူရကျောင်းမှာ တွဲဖက်သွားပြီး သင်ကြားပေးရ မှာပါ။
ဆရာ ဦးသန်းလွင်
ငါးရန့်ချောင်း အမက
ကျွန်တော်တို့ကျောင်းမှာ ကျောင်း သား ကျောင်းသူ ၁ဝဝ ကျော်ရှိပါတယ်၊ ရခိုင်၊ မြို၊ သက်နဲ့ အစ္စလမ်ဘာသာ ဝင်တွေပါ၊ သြဂုတ် ၂၅ ရက် ဖြစ်စဉ်နောက်ပိုင်း ကျောင်းတွေပိတ် ထားခဲ့တာ အခုတော့ ပြန်ဖွင့်နေပါပြီ၊ အခင်းဖြစ်ပွားတဲ့အချိန် ကျွန်တော်တို့ ပိတ်မိခဲ့ပါတယ်၊ အစားအသောက် ကအစ ခက်ခဲခဲ့ပါတယ်၊ မောင်တော ဒေသက ဆရာတွေအနေနဲ့ လစာကို ကိုယ်တိုင်ထုတ်ရတဲ့ အခက်အခဲတွေ ရှိနေပါတယ်၊ တခြားမြို့နယ်က ကျောင်းတွေလို ကျောင်းအုပ်က တာဝန်ခံပြီး ထုတ်ပေးရင် ပိုအဆင်ပြေ မယ်လို့ ထင်ပါတယ်၊ သင်ကြားပေးတဲ့ ဆရာတွေအနေနဲ့ တချို့နေရာတွေမှာ မလုံခြုံမှုတွေ ရှိနေပါသေးတယ်၊ စားရေးသောက်ရေး အခက်အခဲက အစ အများကြီးရှိပါတယ်။
ဦးစိုးမင်းကျော်
ရန်ခါစေတီ အမက
ရန်ခါစေတီကျေးရွာမှာ ကျောင်းသား နည်းပါတယ်၊ ဆရာကလည်း သုံးဦးပဲ ရှိတာပါ၊ ပြီးခဲ့တဲ့ဖြစ်စဉ်မှာ ရွာက လူတွေ အများကြီး အသတ်ခံရတယ်၊ ဖြစ်စဉ်အတွင်းမှာ ပိတ်မိခဲ့တယ်၊ မိုးတွင်းကလည်းဖြစ်တော့ လမ်းပန်း ဆက်သွယ်ရေးက မကောင်း၊ တော်တော်လေး အခက်အခဲ ဖြစ်ခဲ့ရ ပါတယ်၊ ကျွန်တော်တို့က လစာကို ဘူးသီးတောင်မှာ သွားထုတ်ရတယ်၊ တစ်လတစ်လ လစာသွားထုတ်ရတာ အတော်လေး အခက်အခဲဖြစ်ပါတယ်၊ ကျွန်တော်တို့ ရန်ခါစေတီဘက်မှာ အဓိက အခက်အခဲဖြစ်တာက လမ်းပန်း ဆက်သွယ်ရေးပါပဲ၊ သွားလာမှုကောင်း သွားရင် အားလုံးအဆင်ပြေမှာပါ။
ရခိုင်ပြည်နယ် မောင်တောဒေသ အတွင်း အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မောင်တော မြို့နယ်ရှိ အထက်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁ဝ၉ ကျောင်း၊ မူလတန်းကျောင်း ၅၈ ကျောင်း စုစုပေါင်း ၁၈၃ ကျောင်းကို ယာယီ ပိတ်ထားခဲ့သည်။ အလားတူ မောင်တောခရိုင် ဘူးသီးတောင် မြို့နယ်တွင်လည်း အထက်တန်း ကျောင်း ၁ဝ ကျောင်း၊ အလယ်တန်း ကျောင်း ၁ဝ၇ ကျောင်း၊ မူလတန်း ကျောင်း ၁ဝ၄ ကျောင်း စုစုပေါင်း ၂၂၁ ကျောင်းကို ယာယီပိတ်ထားခဲ့ရာ အဆိုပါကျောင်းများအား စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပညာရေး ဝန်ကြီးဌာနမှ ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ရခိုင် ပြည်နယ် မောင်တောမြို့နယ်တွင် ဆရာ ဆရာမ သင်ကြားရေးဝန်ထမ်း ၁၂၈၁ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၁၃၈၄ ဦးရှိပြီး မောင်တောခရိုင် တစ်ခုလုံးအနေဖြင့် သင်ကြားရေး ဝန်ထမ်း ဆရာ ဆရာမ စုစုပေါင်း ၂၆ဝဝ ကျော်ရှိပြီး အကူဆရာများ ကိုလည်း ခန့်ထားရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
သတင်းအဖွဲ့
ဓာတ်ပုံ
မင်းထက်

No comments:

Post a Comment