Sunday, November 26, 2017

အာဖဂန်ရဲအဖွဲ့မှ မူးယစ် စစ်ဆင်ရေးပြုလုပ်မူးယစ်ဆေးဝါး ၂၂ တန်ကျော် သိမ်းဆည်းရမိ

Image may contain: 1 person, shoes and beard
ကဘူး နိုဝင်ဘာ ၂၅
အာဖဂန်နစ္စတန်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲအဖွဲ့က နိုင်ငံတစ်ဝန်း၌ ရက်ပေါင်း ၃ဝ ကျော်ကြာ ပြုလုပ်ခဲ့သည့် မူးယစ်နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း လူပေါင်း ၅၁ ဦးအား မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ရာဇဝတ်ပြစ်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ကြောင်း ရာဇဝတ်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (စီဂျေအက်ဖ်တီ)က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။
အာဖဂန်နစ္စတန် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (စီအန်ပီအေ)က နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့် ရက်ပေါင်း ၃ဝ ကျော်အတွင်း၌ မူးယစ်ဆေးဝါး တရားမဝင်မှောင်ခို ရောင်းဝယ်မှုဖြင့် လူ ၅၁ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများဟု စွပ်စွဲ ထားသူများထံမှ ဘိန်း၊ ဆေးခြောက်၊ ဘိန်းဖြူနှင့် ဘိန်းဖြူအရည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း များအား သိမ်းယူရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြ သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ဘိန်းအဓိကစိုက်ပျိုးသည့် နိုင်ငံအဖြစ် မှတ်ယူထားခြင်းခံရပြီး ဘိန်းဖြူထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရသည့် ဘိန်းစိမ်းတန် ၉ဝဝဝ ကျော်ကို ၂ဝ၁၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ကြောင်း ကုလသမဂ္ဂနိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှု များဆိုင်ရာ ရုံး (ယူအင်န်အိုဒီစီ)က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment