Sunday, November 26, 2017

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသရှိ ဗလီတစ်လုံးအား အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်း၊ လူပေါင်း ၃ဝ၅ ဦးသေဆုံး

Image may contain: one or more people, table and indoor
ကိုင်ရို နိုဝင်ဘာ ၂၅
အီဂျစ်နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ် ဒေသရှိ အစ္စလမ်ဘုရားကျောင်းတစ်ခုအား စစ်သွေးကြွများက အကြမ်းဖက်ဝင်ရောက် သိမ်းပိုက်သည့်ဖြစ်စဉ်တစ်ရပ် နိုဝင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲ့သည်။ အဆိုပါအကြမ်းဖက် မှုတွင် လူပေါင်း ၃ဝ၅ ဦးသေဆုံးခဲ့ပြီး ၁ဝဝ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ သတင်းများအရသိရသည်။
သေဆုံးသူများထဲတွင် ကလေး ၂၇ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၈ ဦးရှိသည် ဟု အီဂျစ်နိုင်ငံပိုင် မီနာသတင်းဌာနက နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အီဂျစ်လေကြောင်းတပ်ဖွဲ့က အကြမ်းဖက် သမားများအား နှိမ်နင်းခဲ့ရာ ၎င်းတို့အသုံးပြု သည့် မော်တော်ယာဉ်များကို လေကြောင်းမှ ဖြိုခွင်းနိုင်ခဲ့သည်ဟု အီဂျစ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဘာအယ်-အာဘတ်မြို့ရှိ အစ္စလမ်ဘုရားကျောင်းထဲတွင် စစ်သွေးကြွများက ပေါက်ကွဲစေသော ပစ္စည်း များကို နေရာအနှံ့ လိုက်လံထားရှိခဲ့သည်။ ထို့နောက် ဗလီအတွင်းသို့ ဝင်ရောက်စီးနင်း ကာ ဘုရားဝတ်ပြုနေသူများအား ဦးတည်ရာမဲ့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါဗလီမှ တရားဟောဆရာက စတင်တရားဟောပြောစဉ်တွင် အကြမ်းဖက် သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
သောကြာနေ့ ဝတ်ပြုဆုတောင်းမှုပြုနေ သည့် လူစုအတွင်းသို့ အရေအတွက် ၂၅ ဦးမှ ၃ဝ ခန့်ထိရှိသည့် စစ်သွေးကြွ လက်နက်ကိုင် များက သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း အီဂျစ်ရှေ့နေချုပ်၏ ပြောကြားချက်ကို ကောက်နုတ်၍ မီနာသတင်းဌာနက ဖော်ပြ သည်။ အကြမ်းဖက်သမားများက မော်တော် ယာဉ်လေးစီးကို အသုံးပြုခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အီဂျစ်အစိုးရက ယင်းအကြမ်းဖက်သမား များအား တိုက်ခိုက်ချေမှုန်းရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်အား နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးဆိုင်ရာ အရေးပေါ်အဖြစ် ကိုင်တွယ်ရမည်ဟု အီဂျစ်ရှေ့နေချုပ်က ပြောကြားသည်။
နိုဝင်ဘာ ၂၅ ရက်တွင် အကြမ်းဖက် သမားများ အသုံးပြုလျက်ရှိသည့် မော်တော် ယာဉ်များအား အီဂျစ်လေကြောင်းတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် အတွင်း လိုက်ပါစီးနင်းခဲ့သူများ သေဆုံးခဲ့ သည်။
အစ္စလမ်ဘုရားကျောင်း စီးနင်းတိုက်ခိုက် မှုကို မည်သည့်အကြမ်းဖက်အဖွဲ့အစည်းက ကျူးလွန်ခဲ့သည်ကိုမူ ယခုအချိန်ထိ မသိရ သေးပေ။
ဆိုင်းနိုင်းကျွန်းဆွယ် ဒေသသည် အိုင်အက်စ် စစ်သွေးကြွအဖွဲ့နှင့် အဆက် အသွယ်ရှိသော စစ်သွေးကြွအဖွဲ့များ ထကြွသောင်းကြမ်းလျက်ရှိသည့် နေရာတစ်ခုဖြစ် သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment