Sunday, November 26, 2017

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းသို့ လာရောက်စေချင်

Image may contain: one or more people, people standing, sky, outdoor and food
ရန်ကုန် နိုဝင်ဘာ ၂၅
စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို သိမ်ဖြူလမ်း ဝန်ကြီး များရုံးရှေ့၊ ဗဟိုပုံနှိပ်စက်ရုံရှေ့၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရန်ကုန်ရုံးခွဲ)ရှေ့နှင့် ဗဟိုပုံနှိပ်တိုက်၏ အနော်ရထာလမ်းဘက်ခြမ်းတို့၌ ဖွင့်လှစ်ထားရာ နံနက် ပိုင်းမှစတင်၍ ရောင်းသူဝယ်သူ လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်စာအုပ်လမ်းတွင် စာပေချစ်မြတ်နိုးသူ ပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ သုတ၊ ရသ အဟောင်းအသစ်၊ လုံးချင်း ဝတ္ထုတို၊ ဝတ္ထုရှည် စာအုပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များ၏ သမိုင်းဝင်စာအုပ် များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာစာအုပ်များ၊ ဆေးပညာဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်-မြန်မာအဘိဓာန် စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ စသည်တို့အပြင် မြန်မာမှု လက်မှု ပစ္စည်းများ၊ ပန်းချီကားများ၊ မြန်မာစာတန်းဖြင့် ရိုက်နှိပ်ထားသော စပို့ရှပ်အင်္ကျီများ၊ လွယ်အိတ်မျိုးစုံတို့ကို တစုတဝေးတည်း ခင်းကျင်းရောင်းချလျက်ရှိပြီး U-Book Educations မှ တာဝန်ရှိသူများကလည်း ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ပုံပြင်ဟောပြောခြင်းများ၊ ပန်းချီဆရာများက အမှတ်တရ ပုံတူရုပ်ပြောင် ရေးဆွဲပေး ခြင်းတို့ကို လာရောက်ပြုလုပ်ကြသည်။
စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနက စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်း ကူညီမှုဖြင့် ဒုတိယအကြိမ်မြောက် Yangon Book Street စနေ-တနင်္ဂနွေနေ့ ရန်ကုန်စာအုပ်လမ်းကို စာအုပ် ဆိုင် အခန်းပေါင်း ၁၇ဝ ခန့်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိ သည်။
သတင်း-ကိုကိုဇော်၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment