Wednesday, November 29, 2017

လာမည့်နှစ် ဇန်နဝါရီလ အထိ ဂေါ့ဇီ အနားယူရမည်

Image may contain: 1 person, standing
ဒေါ့မွန်ကွင်းလယ်လူ ဂေါ့ဇီမှာ ရှော်လ်ကေးနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ်အရွတ်ကြော စုတ်ပြဲဒဏ်ရာရရှိသွားခဲ့ရာ ယင်းဒဏ်ရာကြောင့် လာမည့်နှစ် ဇန်နဝါရီလအထိ အနားယူရတော့မည်ဖြစ်သည်။ ဂေါ့ဇီမှာ ပြီးခဲ့သည့်နှစ်ကလည်း ကျန်းမာရေးပြဿနာကြောင့် တစ်နှစ်ပတ်လုံးလိုလို အနားယူခဲ့ရပြီးနောက် ယခုနှစ် ဘောလုံးရာသီရောက်မှသာ ပြန်လည် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
ဒေါ့မွန်အသင်းက ဂေါ့ဇီ ဒဏ်ရာရသွားခြင်းမှာ အသင်းအတွက် သတင်းဆိုးဖြစ်သော်လည်း အသက်၂၅ နှစ်သာ ရှိသေးသဖြင့် ခြောက်ပတ် အနားယူပြီးနောက် ပြန်လည်ကစားနိုင်မည်ဟု မျှော်လင့်ကြောင်း ''အစောဆုံးအနေနဲ့ ပြန်ကစားနိုင်မယ်ဆိုရင်တောင် ဇန်နဝါရီ ၁၄ ရက် ဝုဖ်ဘတ်နဲ့ ပွဲစဉ်မှသာ ပြန်လည်ကစားနိုင်ပါလိမ့်မယ်''ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂေါ့ဇီသည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ၆၃ ပွဲတွင် ၁၇ ဂိုး သွင်းယူထားပြီး ၂ဝ၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်း ဘက်သို့ နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့်ဂိုးမှာ သူ၏ အကျော်ကြားဆုံး သွင်းဂိုးတစ်ဂိုးဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment