Wednesday, November 29, 2017

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နွေစပါး ၂၄၁၂၃ ဧကနှင့် ဆောင်းသီးနှံ ၄၅၉၂၁၉ ဧက စိုက်ပျိုးရန် လျာထား

Image may contain: plant, grass, flower, nature and outdoor
စစ်တွေ နိုဝင်ဘာ ၂၈
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင်ငါးခရိုင်၌ နွေစပါး ၂၄၁၂၃ ဧကနှင့် ဆောင်းသီးနှံ ၄၅၉၂၁၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်း စိုက်မြေဧက ၁၂၈၇၂၆၃ နှင့် စုစုပေါင်းလယ်မြေဧက ၉ဝ၈၈ဝ၅၃ ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နွေစပါးနှင့်ဆောင်းသီးနှံများ စတင်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးရာသီနှင့် ဆောင်းသီးနှံစိုက်ပျိုးရာသီ တွင် စစ်တွေခရိုင်အတွင်းရှိ မြို့နယ်လေးခု တွင် နွေစပါး ၂ဝ၄ ဧကနှင့် ဆောင်းသီးနှံ ဧက ၂၆၈၁ဝ ကိုလည်းကောင်း၊ မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်လေးခုတွင် နွေစပါး ၃၄၂၆ ဧကနှင့် ဆောင်းသီးနှံ ၁၄၃၁၉၉ ဧက ကိုလည်း ကောင်း၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ် နှစ်ခုတွင် နွေစပါး ၂ဝ၂၄၆ ဧကနှင့် ဆောင်း သီးနှံ ၁ဝ၇၇ဝ၇ ဧကကိုလည်းကောင်း၊ ကျောက် ဖြူခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် နွေစပါး ဧက ၁ဝဝ နှင့် ဆောင်းသီးနှံ ၇၈၇၈၂ ဧကကို လည်းကောင်း၊ သံတွဲခရိုင်အတွင်းရှိ မြို့နယ် သုံးခုတွင် နွေစပါး ၁၄၇ ဧက နှင့် ဆောင်းသီးနှံ ၁ဝ၂၇၂၁ ဧက ကိုလည်းကောင်း စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှသင်္ဂီက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးများနှင့် အခြားသီးနှံများမှာ ပျက်စီး မှုများရှိခဲ့ကြောင်း၊ မိုးစပါးနှင့်အခြားသီးနှံများ ကို နောက်ကျပြီးမှ စိုက်ပျိုးသည့် တောင်သူများ လည်းရှိကြောင်း၊ အချို့သောမြို့နယ်များတွင် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ နောက် ကျမှုရှိကြောင်း ၎င်းကပြောသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)

No comments:

Post a Comment