Wednesday, November 29, 2017

မောင်တောမြို့ မြို့မ ကညင်တန်းရပ်ကွက် မီးလောင်ပြင်အား ရှင်းလင်းစဉ် လက်လုပ်မိုင်း နှစ်လုံးတွေ့ရှိ

Image may contain: one or more people, outdoor and nature
မောင်တော နိုဝင်ဘာ ၂၈
မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက် မီးလောင်ပြင်အား မြေတူးစက်ဖြင့် ရှင်းထားသည့် နေရာတွင် မြေပြင်ပေါ်တစ်ဝက်ခန့်ပေါ်နေသော အပြာရောင်တိပ်ဖြင့်ပတ်ထားသည့် ဝါယာကြိုး နီ၊ နက် နှစ်စတပ်ထားသော မိုင်းဟုယူဆရသည့် ပစ္စည်းတစ်ခုကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ ကြောင်း သိရသည်။
ဟိန္ဒူဘာသာဝင် ကလေးငယ်ရော်ချန်း အသက်(၈)နှစ်သည် မြို့မကညင်တန်း ရပ်ကွက် မီးလောင်ပြင်တွင် ပစ္စည်းဟောင်းများလိုက်လံကောက်ယူစဉ် မြေပြင်အပေါ်တစ်ဝက်ခန့်ပေါ်နေ သော မိုင်းဟုယူဆရသည့် ပစ္စည်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းအရ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသောအဖွဲ့က သွားရောက် စစ်ဆေးခဲ့ ရာ အလျား ရှစ်လက်မ၊ အချင်း ငါးလက်မရှိ ဝါယာကြိုး နီ၊ နက်နှစ်စတပ်ထားသော လက်လုပ် မိုင်းတစ်လုံးကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ရှိုင်းဦးစီးအဖွဲ့ ရောက်ရှိ လာပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသောအဖွဲ့နှင့် ပူးပေါင်း၍ အဆိုပါ အနီးပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရာ လက်လုပ်မိုင်း တွေ့ရှိခဲ့သည့်နေရာ၏ တောင်ဘက် ခြောက်ကိုက်အကွာ တွင် ဝါယာကြိုးတစ်ချောင်းထပ်မံတွေ့ရှိသဖြင့် ဆက်လက်တူးဖော်ရှင်းလင်းရာ အလျားခြောက် ဒသမ ငါးလက်မ၊ အချင်းသုံးလက်မရှိ ကားပစ္စတင် အဟောင်းဖြင့် ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အများပြည်သူ အန္တရာယ်မရှိစေရန်အတွက် အဆိုပါလက်လုပ်မိုင်းများ ပေါက်ကွဲမှုမရှိစေ ရန် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စနစ်တကျရှင်းလင်း သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။
သတင်းအဖွဲ့

No comments:

Post a Comment