Sunday, November 26, 2017

ARSAအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ရွာလုံးကျွတ်မီးရှို့ခံရသည့် မရမာကြီးလူမျိုး တိုင်းရင်းသားများ ရွာသစ်တည်ပေးရန်လိုလား

Image may contain: 2 people, outdoor
မောင်တော နိုဝင်ဘာ ၂၅
ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရွာလုံးကျွတ် မီးရှို့ခံလိုက်ရသည့် မောင်တောမြောက်ပိုင်း လောင်းဒုံ ကျေးရွာအုပ်စု ဖော်ကီတောင်ကျေးရွာ ရှိ မရမာကြီးလူမျိုး တိုင်းရင်းသားများ သည် လက်ရှိတွင် ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယာယီ ခိုလှုံနေထိုင်လျက်ရှိသည်။
လက်ရှိ ကြိမ်ချောင်းဘုန်းတော်ကြီး ကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက် ရှိသည့် မရမာကြီးတိုင်းရင်းသားများ တွင် အိမ်ထောင်စု ၂၂ စုရှိပြီး လူဦး ရေ ၉၅ ဦးရှိကြောင်း ဖော်ကီတောင် ကျေးရွာ မရမာကြီးတိုင်းရင်းသား ဦးမောင်ကျော်သန်းထံမှ သိရသည်။
''ကြိမ်ချောင်း ကျေးရွာနားမှာ နေထိုင်ဖို့ တောင်းခံထားပါတယ်၊ ဝန်ကြီးချုပ်လာတုန်းကတော့ အိမ်ပြန် ဆောက်ပေးမယ် ပြောသွားပါတယ်၊ သြဂုတ် ၂၅ ရက် ဖြစ်စဉ်ဖြစ်ပြီး တစ်ပတ်လောက်ကြာမှ စစ်တွေကို ထွက်ပြေးကြတာပါ၊ စစ်တွေရောက် ပြီး ဆယ်ရက်လောက်ကြာတော့မှ ရွာ ကို မီးရှို့ခံရတယ်လို့ ကြားတာပါ၊ ကြိမ်ချောင်း ဘုန်းကြီးကျောင်းကို နိုဝင်ဘာ ၆ ရက်နေ့က ပြန်ရောက်ပါ တယ်၊ အခုလက်ရှိ နေထိုင်စားသောက် ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ရယ်၊ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ လူကယ်ပြန်ရုံးတို့က ထောက်ပံ့ပေး ထားပါတယ်၊ ကြိမ်ချောင်း ဘုန်းတော် ကြီးကျောင်းမှာနေရင်း လောလော ဆယ် အလုပ်က စပါးရိတ်ကြတယ်၊ ငါးလိုက်ရှာကြပါတယ်''ဟု ဖော်ကီ တောင်ကျေးရွာ ခေါင်းဆောင် ဦးမောင်ကျော်သန်းက ပြောသည်။
ဖော်ကီတောင်ကျေးရွာတွင် နေထိုင် သည့် မရမာကြီးတိုင်းရင်းသားများ သည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်ဖြစ်စဉ်တွင်လည်း တိုက် ခိုက်ခံခဲ့ရပြီး လောင်းဒုံကျေးရွာအုပ်စု ဖော်ကီတောင်ကျေးရွာမှ ကြိမ်ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
မရမာကြီးတိုင်းရင်းသူ ဒေါ်ညိုညို ခင်က ''သြဂုတ် ၂၅ ရက် အကြမ်းဖက် မှု စဖြစ်တော့ ရွာပတ်ပတ်လည်မှာ ဗုံးတွေ ထောင်ထားပါတယ်၊ ညဘက် ကျတော့ ဗုံးတွေပေါက်တာ ရွာပြင်ကို ထွက်ပြေးလို့မရတော့ဘူး၊ နံနက် ၁၁ နာရီလောက်မှာ ရွာကို တပ်က စစ်ကြောင်းတွေ ရောက်လာပြီးမှ စစ်ကြောင်းတွေနဲ့ ကြိမ်ချောင်း ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းကြပါ တယ်၊ ငါးရက်လောက်ကြာတော့ လောင်းဒုံ မြိုရွာက တိုင်းရင်းသားတွေ လည်း ဒီဘုန်းကြီးကျောင်းကို ထွက်ပြေးလာကြပါတယ်၊ ရွာနှစ်ရွာ၊ သုံးရွာဖြစ်လာတော့ ဘုန်းကြီးကျောင်း မှာ မဆံ့တော့ဘူး၊ ရဲစခန်းမှာပါ ခွဲနေကြရပါတယ်၊ နေရ ထိုင်ရ စားရ သောက်ရတာ ခက်ခဲလာတော့ ရွာက အိမ်တွေ၊ ယာတွေ၊ နွားတွေ၊ ကြက် တွေကိုထားခဲ့ပြီး စစ်တွေကို ကယ်ဆယ်ရေးကားတွေနဲ့ လိုက်ပြီး ထွက်ပြေးခဲ့ပါတယ်''ဟု အကြမ်းဖက် ဖြစ်စဉ်ကြောင့် မရမာကြီးတိုင်းရင်း သားများ ထွက်ပြေးတိမ်းရှောင်နေထိုင် ရသည့်အခြေအနေကို ပြောပြသည်။
မရမာကြီး လူမျိုးများသည် မောင်တောမြို့ ဖော်ကီတောင်ကျေးရွာ၊ မီးတိုက်ကျေးရွာ၊ တမန်းသားကျေးရွာ၊ တောင်ပြိုလက်ဝဲကျေးရွာနှင့် စစ်တွေ မြို့များတွင် နေထိုင်လျက်ရှိကြသည်။
''ကျွန်မတို့ နေရတာက ဘင်္ဂါလီရွာ တွေကြားထဲမှာနေရတယ်၊ ကျွန်မတို့ က လူနည်းစုတွေပါ၊ အိမ်ခြေ နှစ်ဆယ်လောက်ပဲရှိပါတယ်၊ အခု လက်ရှိ မီးလောင်သွားတဲ့ရွာမှာ နေရ မှာ အဆင်မပြေပါဘူး၊ နောက် တစ်နေရာမှာ ရွာတည်ပေးဖို့ တောင်းဆို ထားပါတယ်၊ ၂ဝ၁၆ ခုနှစ် ဖြစ်စဉ် တုန်းကလည်း ကျွန်မတို့ရွာ မီးရှို့ခံရပါ တယ်၊ ဒီနှစ်လည်း ရွာကို မီးရှို့ခံရပါ တယ်၊ အကုန်ဆုံးရှုံးသွားပါတယ်၊ ကလေးတွေရဲ့ ပညာရေးလည်း စိုးရိမ် ရပါတယ်၊ ဘင်္ဂါလီရွာတွေကနေဖြတ် ပြီး ကျောင်းသွားတက်ရတော့ လုံခြုံမှု မရှိပါဘူး၊ လူကြီးတွေက ပြန်လည် ထူထောင်ရေး လုပ်ဆောင်ပေးမယ်လို့ တော့ ပြောပါတယ်''ဟု ဒေါ်ညိုညိုခင် က ပြောသည်။
ဖော်ကီတောင် ကျေးရွာတွင် နေထိုင်သည့် မရမာကြီးလူမျိုး ဦးရွှေ မောင်သည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ဖော်ကီတောင် စိုက်ပျိုးရေးစခန်းမှ ဖောင်ကီတောင် ကျေးရွာနေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက်သမား ရှစ်ဦးက ဓားဖြင့် ခုတ်သဖြင့် ဘယ်ဘက်လည်ကုပ်နှင့် နားရွက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိ ခဲ့သဖြင့် ကြောက်ရွံ့ကာဖော်ကီတောင် ကျေးရွာမှ ရွာလုံးကျွတ် ကြိမ်ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်ခဲ့ဖူးသည်။
သတင်း-သတင်းအဖွဲ့
ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment