Wednesday, November 29, 2017

နှစ်သစ်ကူးအခါသမယတွင် အကြမ်းဖက်မှုကျူးလွန်ရန် သံသယရှိသူအား သြစတြေးလျရဲများ ဖမ်းဆီး

Image may contain: one or more people
ကန်ဘာရာ နိုဝင်ဘာ ၂၈
နှစ်သစ်ကူးအခါသမယတွင် မဲလ်ဘုန်းမြို့၌ အကြမ်းဖက် လုပ်ရပ် ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် သင်္ကာမကင်း ဖြစ်သူတစ်ဦးအား သြစတြေးလျရဲအရာရှိများက ဖမ်းဆီးခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
နိုဝင်ဘာ ၂၇ ရက်တွင် ၎င်းအား ရဲအရာရှိများက ဖမ်းဆီးခဲ့ပြီး ၎င်း၏အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲအရာရှိများက မီဒီယာသို့ ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ် သည့် မဲလ်ဘုန်းတွင် နှစ်သစ်ကူးအခါသမယ၌ အကြမ်းဖက်မှုကျူးလွန်ရန် စီစဉ်လျက်ရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးရဲအရာရှိများ က ဆိုသည်။
အဆိုပါသံသယရှိသူသည် အသက် (၂ဝ)အရွယ် သြစတြေးလျနိုင်ငံသားဖြစ်ပြီး ၎င်း၏မိဘများသည် ဆိုမာလီဖွားများဖြစ်ကြောင်း သိရသည်။ ၎င်းသည် အဆက်မပြတ် ပစ်နိုင်သော သေနတ်တစ်လက်ကို ရရှိရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် အယ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့၏ ညွှန်ကြားချက် ပါ ပုံကြမ်းမြေပုံကို ၎င်းထံတွင် လက်ဝယ်တွေ့ရှိခဲ့သည်။
အသက် (၂ဝ) အရွယ် သံသယရှိသူသည် အိုင်အက်စ် စစ်သွေးကြွအဖွဲ့နှင့်လည်း အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသည်။ ဥရောပနိုင်ငံများတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ၎င်းအနေဖြင့် သြစတြေးလျနိုင်ငံတွင် လည်း အကြမ်းဖက်မှုများလုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးရဲအရာရှိများက အဆိုပါသံသယ ရှိသူသည် တစ်ဦးတည်း လှုပ်ရှားသူဖြစ်သည်ဟု ယုံကြည် ထားသည်။ ၎င်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယအချိန် ကာလအတွင်း အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း တရားရေးရာ ဝန်ကြီး မိုက်ကယ် ကီးနန်က အလေးပေးပြောကြား ခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment