Wednesday, November 29, 2017

အေသင်မြို့ဆင်ခြေဖုံးဒေသတွင် လျှပ်တစ်ပြက် ရေကြီးမှုကြောင့် သေဆုံးသူ ၂၃ ဦးရှိလာ

Image may contain: car, house, sky and outdoor
အေသင် နိုဝင်ဘာ ၂၈
ဂရိနိုင်ငံမြို့တော် အေသင်အနောက် ဘက်ပိုင်း ဆင်ခြေဖုံးဒေသဖြစ် သည့် မင်ဒရာတွင် ဖြစ်ပွားခဲ့သော လျှပ်တစ်ပြက်ရေကြီးမှုကြောင့် လွန်ခဲ့ သည့် ရက်သတ္တနှစ်ပတ်အတွင်း သေဆုံးသူဦးရေမှာ ၂၃ ဦး ရှိလာခဲ့ ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူ များက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
အသက် (၇ဝ) အရွယ် အဘိုးအို တစ်ဦး၏ ရုပ်အလောင်းကို ရေကြီးမှု ဖြစ်ပွားရာဒေသတွင်ရှိသည့် ဂိုဒေါင် တစ်ခုအနီးတွင် မီးသတ်သမားများ က ရှာဖွေတွေ့ရှိခဲ့ရသည်။ ၎င်းမှာ ရေကြီးမှု စတင်ဖြစ်ပွားစဉ်က ပျောက်ဆုံးနေခဲ့သူဟု သတင်းများ အရ သိသည်။
ယင်းအချိန်အတွင်း၌ပင် အသက် (၈၃) နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး သည် သရီအစ်ဆီယို ဆေးရုံအထူး ကြပ်မတ်ကုသခန်း၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း အမျိုးသားကျန်းမာရေး ခွဲစိတ်ကုသ ရေးဌာန အကြီးအကဲက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ လူအသေအပျောက် ရှိသည့် လျှပ်တစ်ပြက် ရေလွှမ်းမှုကြောင့် သေဆုံးရသူ အရေအတွက်မှာ ၂၁ ဦးမှ ၂၃ ဦးအထိ မြင့်တက်လာကြောင်း ၎င်းက ပြောကြားသည်။
ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်ဒရာဒေသမှာ လျှပ်တစ်ပြက်ရေလွှမ်းမိုးမှု ကြုံရခြင်း မှ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။ မြင့်တက် လာသော မြစ်ရေများကြောင့် ရွှံ့ အနည်အနှစ်များပါဝင်သည့် ရေများ လမ်းမများပေါ် စီးဝင်လာပြီး ၎င်း ရေစီးကြောင်းများက ကားများကို သယ်ဆောင်သွားကာ လူနေအိမ်များ နှင့် စီးပွားရေးဆိုင်ရာ အဆောက် အအုံများကို ရေလွှမ်းစေခဲ့သည်။
ယင်းဒေသတွင်း၌ ရေလွှမ်းမိုးမှု ကြောင့် လူနေအိမ်ခြေ အလုံး ၂၅ဝ ခန့်မှာ ကြီးမားစွာ ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက ကနဦးခန့်မှန်း ပြောကြားကြသည်။
ဆင်ဟွာ

No comments:

Post a Comment