Sunday, November 26, 2017

တာချီလိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါး တန်ဖိုးကျပ် ၁၆ဝ၇ သိန်းကျော် သိမ်းဆည်းရမိ

Image may contain: 1 person, table and indoor
တာချီလိတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့ ရန်အောင်မြေရပ်ကွက် ဟုမ်းမတ် လမ်း၌ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ဂိုဒေါင်အတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်းများနှင့်အတူ ငွေကျပ် သိန်းပေါင်း ၁၆ဝ၇ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ် မြို့ ရန်အောင်မြေရပ်ကွက် ဟုမ်းမတ်လမ်းရှိ အားချူငှားရမ်း နေထိုင်သော ဂိုဒေါင်အတွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေရာ အားချူ နှင့်အတူ ထိုင်းနိုင်ငံသား ကိုင်(ခ)Mr.Prasanတို့အား ဂိုဒေါင်အတွင်းရှိ ထမင်းစားပွဲဘေးတွင် တွေ့ရှိရပြီး ၎င်းတို့နှစ်ဦးကြား စားပွဲပေါ်မှ CZ 2075 PAMIP 9x19 စာတန်းပါ CZECH နိုင်ငံလုပ် ပစ္စတိုသေနတ် တစ်လက်နှင့် နံပါတ် A3100 988နှင့် 9MM Lugerစာတန်းပါ ပစ္စတို ကျည် ၁၂ တောင့် ထည့်လျက် ကျည်ကတ်တစ်ခု၊ ကျည်ကတ်အပို တစ်ခုတို့အား တွေ့ရှိရပြီး ဆက်လက် ရှာဖွေရာ ကျည်မျိုးစုံအတောင့် ၃၁ဝ၊ စိတ်ကြွဆေးပြား ၆၂၂ဝဝ အလေးချိန် ၆ ဒသမ ၂၂ ကီလို (ဒေသတန်ဖိုး ငွေကျပ် ၆၆၂ သိန်းခန့်)၊ စိတ်ကြွဆေးမှုန့် အလေးချိန် ၂ ဒသမ ၁ ကီလိုခန့် (ဒေသတန်ဖိုးငွေကျပ်သိန်း ၂၁ဝ ခန့်)၊ အက်တက်စီဆေးပြား ၉ဝဝ (ဒေသ တန်ဖိုးငွေကျပ်သိန်း ၃၆ဝ ခန့်)၊ ဘိန်းညို ဘလောက်တုံးခုနစ်တုံး အလေးချိန် ၂ ဒသမ ၃၁ ကီလိုခန့် (ဒေသတန်ဖိုး ငွေကျပ် ၂၃၁ သိန်းခန့်)၊ ကဖင်း ၁၆ ကီလိုခန့် (ဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈ သိန်းခန့်)၊ အဖြူရောင် အနံ့မှုန့် အလေးချိန်တစ်ကီလို (ဒေသတန်ဖိုး ငွေကျပ် ၃၅ဝဝ ခန့်)၊ VANILINE အဖြူရောင် အနံ့မှုန့် အလေးချိန် ၃၅ ကီလိုခန့်(ဒေသ တန်ဖိုးငွေကျပ် ၉ ဒသမ ၈ သိန်းခန့်)၊ အနံ့ဆေးရည် အလေးချိန် လီတာ ၂ဝ ခန့်(ဒေသတန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်)၊ မော်တာ တပ်ဆင်လျက် ဆေးပြားရိုက်စက်နှစ်လုံး (ဒေသ တန်ဖိုး ထိုင်းဘတ်ငွေလေးသိန်းခန့်)နှင့် အခြားဆက်စပ်ပစ္စည်းများ၊ ထိုင်း ဘတ်ငွေ ၁ဝဝဝဝ နှင့် အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာ၊ မော်တော် ယာဉ်နှစ်စီး၊ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၆ဝ၇ ဒသမ ၂၃၅ သိန်းခန့်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
၁၁၁

No comments:

Post a Comment