Friday, November 10, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ရောက်ရှိ

Image may contain: 1 person, standing
နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်၏ ဖိတ်ကြားချက်အရ ဒါနန်းမြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် များ သီးသန့်တွေ့ဆုံပွဲနှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာ အမျိုးသားလေကြောင်းလိုင်း အထူး လေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့သို့ ထွက်ခွာသွားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန် ရှိသူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိကြရာ ဒါနန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး CHU NGOC ANH၊ ဒါနန်းမြို့ ပြည်သူ့ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် ဒါနန်းမြို့ရှိ Premier Village Resort သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ အဖွဲ့ဝင်အဖြစ် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ကျန်အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးကျော်ဝင်းတို့သည် နိုဝင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံ လိုက်ပါသွားကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment