Sunday, November 12, 2017

တရုတ်နိုင်ငံလုပ် မုန့်မျိုးစုံ တရားမဝင် သယ်ဆောင်လာမှု ရေပူစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ

Image may contain: outdoor
ရန်ကုန် နိုဝင်ဘာ ၁၁
နယ်စပ်မှ မန္တလေးသို့သွားရောက်မည့် ယာဉ်ပေါ်တွင် တရုတ်နိုင်ငံလုပ် မုန့်မျိုးစုံ အား တရားမဝင်သယ်ဆောင်လာမှုကို ရေပူစစ်ဆေးရေးစခန်းတွင် သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
တရားမဝင်ကုန်စည်များ ထိန်းချုပ်ဆောင်ရွက်ရေးအတွက် ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ နိုဝင်ဘာ ၁ဝ ရက်က မန္တလေးသို့ သွားရောက်မည့်Foton ခြောက်ဘီးယာဉ်နှစ်စီးနှင့်Dyna ခြောက်ဘီးယာဉ်တစ်စီးတို့အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေး ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်မုန့်မျိုးစုံ ၁၄၅၅ ဖာနှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် သုံးစီးအပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃ ဒသမ ၁ သန်းခန့်အား စစ်ဆေး တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အဆိုပါ စစ်ဆေးရေးစခန်းနှစ်ခုတွင် တင်သွင်း/တင်ပို့လာသော ကုန် ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁ဝ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှုရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂ ဒသမ ၇၄၄ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သုည ဒသမ ၄၂၆ သန်းခန့်) စုစုပေါင်း ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃ ဒသမ ၁၇ဝ သန်းခန့်)အား သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဝဝ၁

No comments:

Post a Comment