Friday, September 22, 2017

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SME) ကဏ္ဍနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၁



စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ကဏ္ဍနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် ချေးငွေများထုတ်ချေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ၌ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရန် ငွေ$ကျပ် ၁၇ဝဝ ဘီလီယံကို လျာထားခဲ့ပြီး စုစုပေါင်း ငွေကျပ်$ ၁၆၃ဝ ဘီလီယံ ထုတ်ချေးခဲ့ပါကြောင်း၊ လက်ရှိ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာ ရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေ$ ငွေကျပ် ၁၉၈ဝ ဘီလီယံကို လျာထား ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်အထိ ငွေကျပ်$ ၁၃၁၃ ဘီလီယံ ကို ထုတ်ချေးပြီး ဖြစ်ပါကြောင်း။
ထို့ပြင် JICA ချေးငွေအစီအစဉ်ဖြင့် တောင်သူ လယ်သမားများထံ နှစ်လတ်ချေးငွေများ ထုတ်ချေးပေးရန် စတင်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် SMIDB ဘဏ်မှတစ်ဆင့ှ်SMEsလုပ်ငန်းများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငွေကျပ် ၃ဝ ဘီလီယံ ကို ၂ဝ၁၅ - ၂ဝ၁၆ နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်များတွင် ထုတ်ချေးပေးခဲ့ပါ ကြောင်း၊JICA မှ သက်သာသော နှစ်ရှည်ချေးငွေရယူ၍ှSMEsများသို့ ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ wo-Step Loan ချေးငွေအသွင်ဖြင့် နှစ်လတ် (သုံးနှစ်မှ ငါးနှစ်အထိ) ချေးငွေကျပ် ၅၇ ဘီလီယံကို ထုတ်ချေးခဲ့ပါကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် ငွေကျပ် ၁၈ဝ ဘီလီယံခန့် ချေးငွေများ ထုတ်ချေးပေးနိုင်ရန် JICA နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိ ပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပြည်သူများ အိုးပိုင်၊ အိမ်ပိုင်ရရှိရေးအတွက် အိမ်ရာချေးငွေများ၊ ဆောက်လုပ်ရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ ငွေ$ကျပ် ၁၄၂ ဘီလီယံကို ထုတ်ချေးထားပါကြောင်း၊ နိုင်ငံတော်ပိုင်းအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှတစ်ဆင့် လှည့်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် ၁ဝဝ ဘီလီယံကို ဆောက်လုပ်ရေးကဏ္ဍအတွက် ဘဏ္ဍာ ရေးအထောက်အကူပြုခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာ့စီးပွားရေး ဘဏ်က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ငွေ$ကျပ် ၃ဝ ဘီလီယံကို အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပါကြောင်း၊ ထပ်မံ၍လည်း ငွေ$ကျပ် ၃ဝ ဘီလီယံ ကို ထုတ်ချေးပေးရန် စီစဉ်ထားရှိပါကြောင်း။
ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ JICA မှ သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် နှစ်အလိုက် ချေးငွေကျပ် ၂ဝဝ ဘီလီယံ၊ SMEs အတွက် နှစ်အလိုက် ချေးငွေကျပ် ၂၅ဝ ဘီလီယံ၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် နှစ်အလိုက် ချေးငွေကျပ် ၅ဝ ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ် ချေးငွေကဏ္ဍအတွက် နှစ်တိုချေးငွေကျပ် ၂ဝဝ ဘီလီယံ စုစုပေါင်း ငွေကျပ် ၇ဝဝ ဘီလီယံအား ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ၊ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ CEO ဦးဝင်းဇော်၊ မြန်မာ့စီးပွားရေး ဘဏ် အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရီနှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေရယူရာတွင် လိုက်နာ ရမည့် မူဝါဒရေးရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment