Friday, September 22, 2017

ကုလသမဂ္ဂအစည်းအဝေးတွင် ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ အင်မတန်ပြင်းထန် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်






 နေပြည်တော် စက်တင်ဘာ ၂၁ 



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice-Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက သီးခြားစီလာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင်H.E. Mr. Iwao HORLL က ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှကူညီရန် မူဝါဒမှာ မပြောင်းမလဲရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို အခက်အခဲများစွာကြားမှ ဖြေရှင်းဆောင်ရွက် နေရသည်ကို သိရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေး စခန်းများ တိုက်ခိုက်ခံရမှုအပေါ် ဂျပန်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချပါကြောင်း၊ ယခုအခါ ဒုက္ခသည် ၄ဝဝဝဝဝ ခန့် ထွက်ပြေး နေရသည်ဟူသော သတင်းများအပေါ် စိုးရိမ်မကင်းဖြစ်မိပါ ကြောင်းနှင့် ယင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီအစိုးရသစ် သက်တမ်း ၁၈ လ သာရှိသေးပြီး ဒီမိုကရေစီပြန့်ပွားရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်နေ ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။ အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက် လျက်ရှိရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ရပ်ဖွဲ့စည်း၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီဖွဲ့ပြီး၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ရဲစခန်းများ တိုက်ခိုက်ခံရမှု၊ ယင်းအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စွပ်စွဲမှုများရှိလာ၍ ဒုတိယသမ္မတ ဦးဆောင်သော မောင်တောဒေသ စုံစမ်းစစ်ဆေး ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှု၊ အဆိုပါ ကော်မရှင်(၂)ရပ်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် မိမိအား ဥက္ကဋ္ဌတာဝန်ပေးအပ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တင်သွင်းပြီးနောက် ရခိုင်မြောက်ပိုင်းတွင် ရဲကင်းစခန်း ၃ဝ ကို အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အကြမ်းဖက် သမားများက လူနည်းစုတိုင်းရင်းသားများဖြစ်သည့် မြိုနှင့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် ၄င်းတို့၏ သြဇာမခံသော မူဆလင်ခေါင်းဆောင်များအား သတ်ဖြတ်မှု အခြေအနေများ၊ ဝန်ကြီးဌာန၏ မူရင်းတာဝန်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းအပြင် အထူးတာဝန်အဖြစ် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်မှု၊ လူသားချင်းစာနာမှု လုပ်ငန်းများကို နိုင်ငံတော်အစိုးရက ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement) အသွင်ဖြင့် ချက်ချင်းအရေးယူဆောင်ရွက် ထားမှု၊ ပြန်လည်ထူထောင်ရေးအတွက် မြေပြင်လေ့လာဆန်းစစ်မှုများပြုလုပ်နေပြီး မကြာခင် အကောင်အထည်ဖော်မည့် အခြေအနေများ၊ မြေပြင်လူဦးရေ စာရင်းဇယားအရ ၄၄ ရာခိုင် နှုန်း ထွက်ပြေးပြီး ၅၆ ရာခိုင်နှုန်း ကျန်ရှိပါကြောင်း၊ စုစုပေါင်း လူဦးရေ ခုနစ်သိန်းအနက် မှ ၄၄ ရာခိုင်နှုန်း ထွက်ပြေးခြင်းဖြစ်ရာ ၄ဝဝဝဝဝ ကျော်မရှိနိုင်ပါကြောင်း၊ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် - မြန်မာသဘောတူညီချက်ပါ မူများအရ ပြန်လည်လက်ခံမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ပြီး ချက်ချင်းအကျိုးရှိမည့် လုပ်ငန်းများပါသလို ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်းရှိပါကြောင်း၊ အစီရင်ခံစာပါ အခြေအနေနှင့် ယခုလက်ရှိ အခြေအနေ မတူကွဲပြားသွား သည်မျိုးလည်း ရှိပါကြောင်း၊ လက်ရှိအခြေအနေကို ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီတွင်ပါဝင်သည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက မြေပြင်ကွင်းဆင်းလေ့လာပြီး ဖြစ်ကြောင်း၊ ¤င်းတို့သုံးသပ်ချက်များကို အခြေခံ၍ ပြည်သူကို လက်ငင်းအကျိုးပြုနိုင်မည့် အကြံပြုချက်များကို ဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း နယူး ယောက် ကုလသမဂ္ဂအစည်းအဝေးတွင် ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ အင်မတန်ပြင်းထန်သည်ဟု သိရပါကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံ အဖြစ် မိတ်ဆွေအခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရေးပေါ် အကူအညီအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကူညီရန် ရှိပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ ရောက်သွားသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းတွင်လည်း ကူညီရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်တွင်လည်း ကူညီ မည်ဖြစ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းစဉ်များနှင့် လိုအပ်သည့် အကူအညီများကို သိရှိလိုပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းတွင် လုံခြုံရေး က အရေးကြီးသဖြင့် နယ်စပ်ခြံစည်းရိုးကာရံရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအား လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန်၊ လျှပ်စစ်မီး အသုံးပြုနိုင်စေရန်၊ လမ်းနှင့် လျှပ်စစ်ကောင်းပါက လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန် အတွက် အထည်ချုပ်စက်ရုံ ထူထောင်ရေးနှင့် မူရင်းရှိပြီးသား စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖော်ရန်ဖြစ်ပါကြောင်း၊ ယခုလိုခက်ခဲသည့် အခြေအနေတွင် နိုင်ငံတကာမှ မှန်ကန်စွာ ရပ်တည်မှုသည် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဘေးအ္တရာယ်ကျရောက်လွယ်သော ဒေသဖြစ်၍ ဘေးဒဏ်ခုခံ နိုင်ရေးလိုအပ်ပြီး ပြန်လည်ထူထောင်ရေးတွင် နည်းပညာ၊ ငွေကြေးများ လိုအပ်ပါကြောင်းနှင့် ယခုလို အ$ကျပ်အတည်း ဖြစ်ချိန်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးပါသော ဂျပန်နိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍Christian Aidအဖွဲ့ကို လက်ခံတွေ့ဆုံ ရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ခေတ္တ နေရပ်စွန့်ခွာလာသော ဒေသခံတိုင်းရင်းသားများအား စိတ်၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုပေးနိုင်ရန် အဖွဲ့သုံးဖွဲ့ခွဲ၍ လူမှုရေးဆိုင်ရာ အခြေခံစစ်တမ်း ကောက်ယူနိုင်ရေးအတွက် သတင်းအချက် အလက်များ ကောက်ယူစုစည်းလျက်ရှိပြီး လိုအပ်သော စိတ်ပိုင်း ဆိုင်ရာ ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့် စေတနာရှင်များက ပေးပို့လှူဒါန်းလာသည့် အလှူငွေနှင့် အလှူပစ္စည်းများကို လိုအပ်သော ကူညီထောက်ပံ့မှု များတွင် စနစ်တကျ ထိရောက်စွာ အသုံးပြုလျက်ရှိပါကြောင်းနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment