Friday, September 22, 2017

ထရန့်၏ ပြောကြားချက်များကို အီရန်သမ္မတတုံ့ပြန်





ဂျနီဗာ စက်တင်ဘာ ၂၁



အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် ကုလသမဂ္ဂ၌ အီရန် နျူကလီးယားသဘောတူစာချုပ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ ဝေဖန်ပြောဆိုမှုများကို ပြန်လည် တုံ့ပြန်ခဲ့သည်။ ထရန့်မိန့်ခွန်းပြောပြီးတစ်ရက်အကြာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အီရန်သမ္မတက မိန့်ခွန်းပြောခဲ့ ခြင်းဖြစ်သည်။
ထရန့်က ၂ဝ၁၅ခုနှစ်တွင် ချုပ်ဆိုခဲ့သော အီရန် နျူကလီး ယား သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အရိပ်အြ>ွမက် ပြောကြားခဲ့သည်။ အီရန်သမ္မတရိုဟာနီကမူ အီရန်နိုင်ငံသည် သဘောတူစာချုပ်ကို စပြီးချိုးဖောက်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နျူကလီးယားသဘောတူစာချုပ်သည် နိုင်ငံရေးလောက အတွင်းသို့အခုမှဝင်ရောက်လာသူကြောင့်ပျက်စီးသွားခဲ့လျှင် လွန်စွာစိတ်ပျက်ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြားမှုအပြီးသတင်းထောက်များနှင့် တွေ့ဆုံရာတွင် အီရန်နိုင်ငံဘက်မှ ထောက်ခံသော နိုင်ငံအများအပြားရှိကြောင်း ¤င်းက ပြောသည်။
အကယ်၍ အမေရိကန်နိုင်ငံကသာအီရန်နျူ ကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ပါက ကမ္ဘာပေါ်တွင်မည်သည့်နိုင်ငံကမှ အမေရိကန်နှင့် အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ဆန္ဒရှိတော့မည်မဟုတ်ဟု အီရန်သမ္မတက ပြောသည်။
အီရန်သမ္မတသည် ဒေါ်နယ်ထရန့်၏ဝေဖန်မှုကို တုံ့ပြန်ရန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့်သံတမန်ရေးရာအရ ချိတ်ဆက်မှုများပြုလုပ်ခဲ့သည်။
(အန်င်အိတ်ခ်ျကေ)

No comments:

Post a Comment