Friday, September 1, 2017

အသံထိန်းချုပ်မှုဖြင့် စေခိုင်းနိုင်သော ညSamsung ရေခဲသေတ္တာများ

Image may contain: phone and screen
ဥရောပဈေးကွက်တွင် စတင်အကောင်အထည်ဖော် တော့မည်ဖြစ်သည့် Samsung၏ စမတ်ရေခဲ သေတ္တာများကို ထုတ်ဖော်ကြေညာလိုက်သည်။Family Hub ဟုမည်ရသော ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်များတွင် ဘာသာစကားအသုံးပြုမှု စနစ်အား စတင်ထုတ်လုပ်သည့် ကာလကပင်ထည့် သွင်းပေးထားသည်ဟုသိရသည်။
အဆိုပါရေခဲသေတ္တာကို အခြားမိုဘိုင်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဖန်တီးသွားမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အခြား အချက်အလက်များကို အထောက်အကူပြုနိုင်ရန် ထည့်သွင်းပေးသွားမည်ဟုသိရသည်။ ဘာသာစကား လေးမျိုးကို ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ပြီး အပူအအေးချိန်ညှိမှုစနစ်ကို အသံဖြင့် စေခိုင်းနိုင် စေရန်နှင့် အခြားလုပ်ဆောင်မှုများလည်း ပါဝင်နိုင် မည်ဖြစ်သည်။
အတွင်းပိုင်းတွင် ကင်မရာတပ်ဆင်ထားပေးကာ ယခင်ကဲ့သို့ရေခဲသေတ္တာများကို ဖွင့်ကြည့်စရာမလိုဘဲ လိုအပ်သည်များကို စမတ်ဖုန်းမှတစ်ဆင့်ကြည့်ရှု နိုင်ပြီး ထိန်းချုပ်စနစ် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ နည်းပညာအဆင့်အတန်းများ တိုးတက်လာသည့် အလျောက် လူသုံးကုန်ပစ္စည်းများတွင် စမတ်နည်းပညာများထည့်သွင်းလာသည့်ကာလအဖြစ်သို့ ရောက်ရှိလာနေရာ ၎င်းရေခဲသေတ္တာများ၏အပြင် ဘက်တွင် ထိတွေ့မျက်နှာပြင်နှင့် လုံခြုံရေး ဆိုင်ရာ ထိန်းချုပ်ပြုပြင်နိုင်သည့် လုပ်ဆောင်ချက်များထည့် သွင်းပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ALEX

No comments:

Post a Comment