Friday, September 1, 2017

မော်တော်ယာဉ် အချက်ပြမီးများ အသုံးပြုရန် ပညာပေးဆွေးနွေး

Image may contain: 1 person, sky and outdoor
ကျောက်ထု သြဂုတ် ၃၁
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားရေးအတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် မကွေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ကျောက်ထု မြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ခင်မောင်ရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ပြည်ထောင်စုလမ်းမကြီးနှင့် နဝရတ်လမ်းဆုံဂိတ်တွင် အဆိုပါလမ်းပိုင်း၌ မောင်းနှင်သည့် ယာဉ်မောင်းများနှင့် သြဂုတ် ၃ဝ ရက်က တွေ့ဆုံကာ အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
'' မြို့တွင်း ကားဂိတ်လမ်းဆုံဟာ ပခုက္ကူ- ပေါက်- ကျောက်ထု- ဂန့်ဂေါ-ဆော-ကန်ပက်လက်- မင်းတပ်နှင့် မတူပီမြို့များအတွက် သွားရောက်ရာ ကားလမ်းဆုံဖြစ်ပါတယ်။ ဒီကာလမှာ ယာဉ်ရော၊ လူပါ များပြားလာတဲ့အတွက် ယာဉ်အန္တရာယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်ရလေအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စိစစ်ခြင်း၊ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်တာဖြစ်ပါ တယ်''ဟု နယ်မြေစခန်းမှူး ရဲအုပ်ခင်မောင်ရွှေက ပြောသည်။
အဆိုပါနေ့တွင် ပူးပေါင်းအဖွဲ့သည် အဖွဲ့ သုံးဖွဲ့ခွဲကာ ယာဉ်မီး အချက်ပြမှုမှန်ကန်စေရေးကို စိစစ်ဆွေးနွေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
(၄၆၅)

No comments:

Post a Comment