Friday, September 22, 2017

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက် ရှိသည့် မြန်မာများအတွက် CI ထုတ်ပေးလျက်ရှိသည့်အပြင် ဆေးစစ်ခြင်း၊Visa ထုတ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းတို့ကိုOne Stop Service ဖြင့်ဆောင်ရွက်ပေးလျက်ရှိ





 နေပြည်တော် စက်တင်ဘာ ၂၁



ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား များအား CI ထုတ်ပေးရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ကြေညာချက်အရ ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်လျက်ရှိပြီး ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်ခေါ်TR – 38) ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို မဟာချိုင် (၁)နှင့် (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့တို့တွင် မတ် ၃ ရက်မှစ၍ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်ပြီး CI ထုတ်ပေးလျက် ရှိသည့်အပြင် ထိုင်းနိုင်ငံမှ ဆေးစစ်ခြင်း၊ နေထိုင်ခွင့် (Visa)ထုတ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်းတို့ကို One Stop Service အနေဖြင့် ယင်းစခန်းများ၌ စက်တင်ဘာ ၁ ရက်မှ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချင်းမိုင်၊ နခွန်စဝမ်နှင့် ဆောင်ခလာမြို့များတွင်လည်း CI ထုတ်ပေးရေး စခန်းသုံးခုကို စက်တင်ဘာ ၁၅ ရက်မှ စတင်တိုးချဲ့ဖွင့်လှစ်၍
ထိုင်းနိုင်ငံမှ ဆေးစစ်ခြင်း၊ နေထိုင်ခွင့် (Visa) ထုတ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်း တို့ကို One Stop Service အနေဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးမည့် အလုပ်သမားများနှင့် ထိုင်းနိုင်ငံ အလုပ်အကိုင် ဌာန၌ မှတ်ပုံတင်ထားသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား CI ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံရှိ စမုစခွန်(မဟာချိုင်) (၁) နှင့် (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်း CIထုတ်ပေးရေးစခန်း ခြောက်ခုနှင့် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့် ချင်းမိုင်၊ နခွန် စဝမ်နှင့် ဆောင်ခလာ CIထုတ်ပေးရေးစခန်း သုံးခုတို့တွင် လည်း တစ်ပါတည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အလုပ်သမားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ယူရန်အတွက်TR- 38 သို့မဟုတ် ယာယီမြန်မာနိုင်ငံကူး လက်မှတ် သို့မဟုတ် ထိုင်းအလုပ်အကိုင်ဌာနမှ ထုတ်ပေးသည့် အထောက်အထား စာရွက်စာတမ်းနှင့်အတူ Counter Services Co., Ltdမှ ဝန်ဆောင်မှုပေးနေသော နီးစပ်ရာ မည်သည့်ကောင်တာသို့မဆို သွားရောက်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ယူလိုသည့် စခန်းအမည်ကို တိကျစွာ ပြောဆိုလျှောက်ထားရမည်ဖြစ်ကြောင်း။
Counter Services Co.,Ltd ကောင်တာသည် လျှောက်ထားလာသော အလုပ်သမားထံမှTR-38 သို့မဟုတ် ယာယီမြန်မာနိုင်ငံကူးလက်မှတ် သို့မဟုတ် ထိုင်းအလုပ်အကိုင် ဌာနမှ ထုတ်ပေးသည့် အထောက်အထား စာရွက်စာတမ်းကို မှန်၊ မမှန် စိစစ်ပြီး မှန်ကန်သည့် အလုပ်သမားသည် ယင်း Counter Services Co., Ltd ကောင်တာတွင် ကုန်ကျ စရိတ် ဘတ် ၃ဝဝ(ဘတ်သုံးရာ) တိတိ ပေးသွင်းရမည် ဖြစ်ကြောင်း။
မိမိသွားရောက်ထုတ်ယူလိုသည့် CI စခန်းအမည်၊ သွားရောက်ဆောင်ရွက်ရမည့် နေ့ရက်၊ တိုကင်နံပါတ်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ ပါဝင်သည့် ထိုင်း/ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော ငွေသွင်းပြေစာကိုCounter Services Co., Ltd ကောင်တာမှ ပြန်လည် ထုတ်ပေးပြီး ယင်းအချက်အလက်များကို အလုပ်သမား၏ လက်ကိုင်ဖုန်းသို့ SMS ပေးပို့သွားမည်ဖြစ်ကြောင်း။
အထူးသတိပြုရန်မှာ အလုပ်သမားများအနေဖြင့် ငွေသွင်း ပြေစာ၌ပါရှိသည့် နေ့ရက်အတိုင်း CIထုတ်ပေးရေးစခန်းသို့ မပျက်မကွက် သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပြီးTR-38 သို့မဟုတ် ယာယီမြန်မာနိုင်ငံကူးလက်မှတ် သို့မဟုတ် ထိုင်း အလုပ်အကိုင်ဌာနမှ ထုတ်ပေးသည့် အထောက်အထား စာရွက်စာတမ်းနှင့်အတူ သက်ဆိုင်ရာ CI စခန်းသို့ မပျက် မကွက်သွားရောက်ပြီး ''CIလျှောက်ထားသူ၏ ကိုယ်ရေး မှတ်တမ်း ထိန်းသိမ်းရန်ပုံစံ''ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ CIစခန်းတွင် အလုပ်သမား၏ ကိုယ်ရေးအချက် အလက်များကို စိစစ်မှုခံယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင် စိစစ်ခြင်းတို့ကို ဆောင်ရွက်ပြီးပါက မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI) နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြားကို တာဝန်ရှိသူမှ ထုတ်ပေးမည်ဖြစ်ပြီး CI နှင့် ပြည်ပအလုပ် အကိုင်သက်သေခံကတ်ပြား ထုတ်ယူပြီးပါက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများက ဆေးစစ်ခြင်း၊ နေထိုင်ခွင့် (Visa) ထုတ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်း One Stop Service ကို CIစခန်း များ၌ပင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံမှ တရားဝင် သတ်မှတ်ထားသည့် ဗီဇာကြေး ဘတ် ၅ဝဝ (၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်အထိသာ)၊ စာရွက်စာတမ်းကြေး ဘတ် ၁ဝဝ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် နှစ်ဝက်အတွက် ဘတ် ၅၅ဝ နှင့် တစ်နှစ်အတွက် ဘတ် ၁ဝဝဝ၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံကြေး ဘတ် ၁၆ဝဝ၊ စုစုပေါင်း ဘတ် ၂၆၅ဝ မှ ဘတ် ၃၁ဝဝ ကို ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနများသို့ ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် လက်ရှိထုတ်ပေးထားသည့်CI စာအုပ်ကိုင်ဆောင်ထားသော အလုပ်သမားများအနေ ဖြင့် CI စာအုပ်သက်တမ်းကာလအတွင်း နိုင်ငံသားအထောက် အထားများပြုလုပ်၍ သာမန်နိုင်ငံကူးလက်မှတ် ပြောင်းလဲ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment