Friday, September 22, 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ မိမိတို့အနေဖြင့် အခက်အခဲများရှိသော်လည်း ပြည်သူများကို အတတ်နိုင်ဆုံးပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရန်လို





 နေပြည်တော် စက်တင်ဘာ ၂၁



ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ မွန်းလွဲ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပထမ အကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များအတိုင်း နှစ်ပတ်အတွင်း ဝန်ကြီးဌာနအလိုက် ဦးစားပေးစီမံချက် များ ပေါ်ပေါက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် စက်တင်ဘာ ၁၂ ရက်မှစ၍ လေးလကာလ ဖြစ်မည့် ဇန်နဝါရီ ၁၂ ရက်တွင် ပထမအကြိမ် လေးလပတ်အစီရင်ခံစာကို ထုတ်ပြန်ပေးရမည်ဖြစ်သည့်အတွက် စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမှန်တကယ် ပြည်သူအကျိုးရှိမည့်လုပ်ငန်းများ၊ တည်ငြိမ်အေးချမ်း မှုကို ဦးတည်မည့်လုပ်ငန်းများကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် အခက်အခဲ များရှိသော်လည်း ပြည်သူများကို အတတ်နိုင်ဆုံးပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက် များကို ပွင့်လင်းမြင်သာစွာ ပြည်သူကိုရှင်းပြရန် လိုကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရေး အချက်တစ်ချက်အနေဖြင့် ပါဝင်သည့်အတွက်
သတိပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီတွင်း မိမိတို့အချင်းချင်း သတင်းအချက်အလက် မပြတ်ဖလှယ်ရန် ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခုညှိနှိုင်းကူညီ ဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က စက်တင်ဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ကော်မတီ အဖွဲ့ဝင်များ သွားရောက်လေ့လာတွေ့ရှိချက်များကို တင်ပြရာ လုံခြုံရေးလိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင် ဖော်ဆောင်ပေးရန်အတွက် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ပေးရန် လိုအပ်မှုအခြေအနေ၊ တိုင်းရင်းသား ကျေးရွာများကို စုစည်းတည်ထောင်ရန် အခြေအနေ၊ လယ်ယာလုပ်ငန်းများတွင် လက်ရှိအနေအထားအရ ထွန်ယက် စိုက်ပျိုးရိတ်သိမ်းရန်အတွက် ထွန်စက်၊ ရိတ်သိမ်ြးေ>ွခလှေ့စက်များ ထောက်ပံ့ပေးရန် လိုအပ်မှုအခြေအနေ၊ NVC ကတ် ထုတ်ပေးရန် အခြေအနေများကို တင်ပြသည်။
ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိမိတို့ ကော်မတီအနေဖြင့် မြေပြင်ကွင်းဆင်း လေ့လာ သုံးသပ်ချက်များအရ ချက်ချင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ လတ်တလောဆောင်ရွက်ရမည့် ဦးစားပေး လုပ်ငန်းများ၊ ရေတို၊ ရေရှည်ဆောင်ရွက်မည့် လုပ်ငန်းများကို ခွဲခြားဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများ၊ အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးမည့် အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း လေ့လာတွေ့ရှိချက်များအရ ဝန်ကြီးဌာနအလိုက် ဆောင်ရွက် သွားရန် လိုအပ်သည့်လုပ်ငန်းများ၊ ဦးစားပေးအလိုက် ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင် ခံစာပါ အကြံပြုချက်များနှင့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအပေါ် မြေပြင်အခြေအနေ လိုအပ်ချက်များနှင့်အညီ ပြည်သူ အမှန်တကယ်အကျိုးရှိပြီး ချက်ချင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ စသည်ဖြင့် ဦးစားပေး အလိုက် လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်ရေးအတွက်လည်း မျက်ခြည်မပြတ် သတိပြုဆောင်ရွက်ရမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိ (သတင်းစဉ်)

No comments:

Post a Comment