Friday, September 22, 2017

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ (၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံတက်ရောက်




 နေပြည်တော် စက်တင်ဘာ ၂၁



 ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များညီလာခံ(ASEAN Inter-Parliamentary Assembly-AIPA) ဥက္ကဋ္ဌH.E. PANTALEON D. ALVAREZ ၏ ဖိတ်ကြားချက်အရ (၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (38th AIPA General Assembly) သို့တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ NINOY AQUINOအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရောက်ရှိရာ ဖိလစ်ပိုင်အောက်လွှတ်တော်မှ ဒုတိယဥက္ကဋ္ဌHon. RANEO E. ABU့၊ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
(၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကို '' AIPA and ASEAN: Partnering for Inclusive Change'' ခေါင်းစဉ် ဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ ၂ဝ ရက်ထိ ကျင်းပခဲ့ပြီး ညီလာခံသို့ AIPA အဖွဲ့ဝင် ပါလီမန်များနှင့် ကိုယ်စားလှယ်အဖွဲ့ များဖြစ်သော ဘရူနိုင်း၊ က္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ လေ့လာသူ အဖွဲ့ဝင်များဖြစ်ကြသည့် သြစတြေးလျ၊ ဘယ်လာရုစ်၊ ကနေဒါ၊ တရုတ်၊ ဥရောပပါလီမန်၊ ဂျပန်၊ တောင် ကိုရီးယား၊ အိန္ဒိယ၊ ရုရှားဖက်ဒရေးရှင်း တို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက် ခဲ့သည်။
ညီလာခံ ပထမဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၁၅ ရက်တွင် ပြည်သှူ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် AIPA အမှုဆောင် ကော်မတီအစည်းအဝေး (AIPA Executive Committee Meeting)နှင့် အာဆီယံအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး(WAIPA) သို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ညီလာခံ ဒုတိယရက်ဖြစ်သည့် ၁၆-၉-၂ဝ၁၇ ရက်တွင် AIPA ဥက္ကဋ္ဌ နှင့် ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌ အားတွေ့ဆုံခြင်း၊ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားနှင့် ပထမစုံညီ အစည်း အဝေးသို့ တက်ရောက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌက မိန့်ခွန်းပြော ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
ညီလာခံ တတိယရက်ဖြစ်သည့် စက်တင်ဘာ ၁၇ ရက်တွင် မြန်မာ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင် များသည် ကော်မတီအစည်းအဝေး သုံးခုနှင့် လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးပွဲများသို့ အသီးသီးတက်ရောက် ဆွေးနွေးခဲ့ကြသည်။ ညီလာခံ စတုတ္ထ ရက်ဖြစ်သည့် စက်တင်ဘာ ၁၈ ရက် တွင် မြန်မာကိုယ်စားလှယ်အ¸သည်Tagaytay City မြို့သို့ လေ့လာရေး ခရီးစဉ် သွားရောက်ခြင်းနှင့် ညနေပိုင်း တွင် ပူးတွဲထုတ်ပြန်ချက်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ညီလာခံ ပဉ္စမရက်ဖြစ်သည့် စက်တင်ဘာ ၁၉ ရက်တွင် ဒုတိယစုံညီ အစည်းအဝေးသို့ တက်ရောက်၍ ကော်မတီအလိုက် အစီရင်ခံစာများ အတည်ပြုဖတ်ကြားခြင်း၊ ညနေပိုင်း တွင် ဖိလစ်ပိုင်နိုင်ငံသမ္မတH.E. Rodrigo R. Duterte u (ASEAN Inter- Parliamentary Assembly-AIPA) ဥက္ကဋ္ဌနှင့် AIPAအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ သည့်အခမ်းအနားသို့ တက်ရောက်ခြင်း နှင့် (၃၈)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ညီလာခံသို့ တက်ရောက်လာကြ သည့် ကိုယ်စားလှယ်အဖွဲ့များအား စက်တင်ဘာ ၁၆ ရက်တွင် အိမ်ရှင် ဖိလစ်ပိုင် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Auilino Pementel III နှင့် စက်တင်ဘာ ၁၉ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. PANTALEON D. ALVAREZ တို့က ဂုဏ်ပြုညစာစားပွဲများဖြင့် အသီးသီးတည်ခင်းဧည့်ခံကြသည်။
(၃၈)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံက အာဆီယံဒေသ၏ စီးပွားရေး၊ လူမှုရေး နှင့် အမျိုးသမီးရေးရာ ကဏ္ဍများအတွက် ဆုံးဖြတ်ချက်(Resolution) ၂၁ ခုကို အတည်ပြုနိုင်ခဲ့သည်။ (၃၉)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံကို စင်ကာပူသမ္မတနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသွား မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment