Friday, September 22, 2017

ဂျပန်နိုင်ငံအကူအညီဖြင့် အသစ်ဆောက်လုပ်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး





 နေပြည်တော် စက်တင်ဘာ ၂၁



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်JICA Chief Representative Mr. Masayuki KARASAWAနှင့်အဖွဲ့အား စက်တင်ဘာ ၂၁ ရက် နံနက် ၁ဝ နာရီတွင် ဂျပန်နိုင်ငံအကူအညီဖြင့် အသစ် ဆောက်လုပ်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ဆောက်လုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံအကူအညီဖြင့် ဆောက်လုပ်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ဆောက်လုပ်ရေးလုပ်ငန်းများ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်း ကောင်း၊ ဆေးရုံကြီးတည်ဆောက်ရန်အတွက် ရှေးဦးစစ်တမ်း ကောက်ယူခြင်းမှ ရရှိထားသောအချက်များကို အခြေခံ၍ နောက်ပိုင်း ဆေးရုံကြီး၏လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ နှလုံးဆေးအထူးကုဌာန၊ နှလုံးခွဲစိတ်ကုဌာနများ၊ ဦးနှောက်အာရုံကြောဆေးကုဌာနနှင့် ဦးနှောက်အာရုံကြော ခွဲစိတ်ကုဌာနများ ထည့်သွင်းဖွင့်လှစ်နိုင်မည့် အခြေအနေများ၊ စက်ပစ္စည်းကိရိယာများနှင့် ဝယ်ယူတပ်ဆင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ကုန်ကျခံဆောင်ရွက်သွားမည့် အကြောင်းအရာ များ၊ ဂျပန်မှလှူဒါန်းမည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရာတွင် ကုန်ကျစရိတ်အားလုံးအတွက် ဂျပန်အစိုးရမှ ၇ဝ ရာခိုင်နှုန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၃ဝ ရာခိုင်နှုန်း ကုန်ကျ ခံတည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဆေးရုံဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟု သိရှိ ရကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment