Friday, September 22, 2017

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ်လည်သက်ဆိုင်သူပေါင်းစုံပါဝင်သော ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေး




Image may contain: 1 person, indoor
 နေပြည်တော် စက်တင်ဘာ ၂၁



လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ်လည်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ MICC-2 Banquet Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မိမိတို့နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူကိုဗဟိုပြုပြီး အားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုကို ရည်ရွယ်ထား ပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်းသည် နိုင်ငံတော်၏ စီးပွားရေး မူဝါဒကို အပြည့်အဝထင်ဟပ်နိုင်သည့် စီမံကိန်းမျိုးဖြစ်ပါကြောင်း၊ စီမံကိန်းကျေးရွာများတွင် အခြေခံလိုအပ်နေသည့် လူမှုရေး ဆိုင်ရာ အခြေခံအဆောက်အအုံများကို လူထုကိုယ်တိုင်က ရွေးချယ်အကောင်အထည်ဖော်၍ လုပ်ငန်းလည်ပတ်နိုင်ရန် ကြီးကြပ်တာဝန်ယူပြီး စီမံကိန်းလုပ်ငန်းခွဲ အစမှ အဆုံးတိုင် ပြည်သူက တာဝန်ယူလုပ်ဆောင်ရသည့် စီမံကိန်းမျိုးဖြစ်ပါ ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျားမ တန်းတူပါဝင်ခွင့်ရသည့် စီမံကိန်းမျိုးဖြစ်ပါကြောင်း။
ပြည်သူများက စုပေါင်းဆွေးနွေးဆုံးဖြတ် ဆောင်ရွက်တတ် သည့်ဓလေ့များ စွဲမြဲခိုင်မာစေမှုများနှင့်အတူ စီမံကိန်းကျေးရွာ များတွင် ကျေးလက်လမ်းများနှင့် တံတား၊ ရေရရှိရေး၊ မီးလင်း ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးလာပြီဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝသည် တစ်စထက်တစ်စ မြင့်မားလာလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ရာတွင် အလေအလွင့်နှင့် အလွဲသုံးစားပြုမှုများ မရှိစေရန် သတ်မှတ်စံချိန်စံòန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိစေရန် ကျေးလက်ဦးစီးဌာနနှင့် က္ဘာ့ဘဏ်တို့မှ နည်းပညာ စစ်ဆေးခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငွေစာရင်း စစ်ဆေးခြင်းနှင့် ကျေးရွာလူထုကိုယ်တိုင် စစ်ဆေးအကဲဖြတ် ခြင်းတို့ကို စနစ်တကျဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဆင့်တန်းမီ စီမံကိန်းဖြစ်ပါကြောင်း။
တည်ဆောက်ပြီးသည့် အခြေခံအဆောက်အအုံများကို ရေရှည်အသုံးပြုနိုင်ရန်၊ သဘာဝဘေးနှင့် ရာသီဥတုဒဏ်များ ကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရန် သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေရှိမှုနှင့် ရာသီဥတုဒဏ်ခံနိုင်သည့် ဒီဇိုင်း များနှင့် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ လူထုဗဟိုပြု စီမံကိန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံစေ ရန် အကောင်အထည်ဖော်နိုင်ခဲ့သည်မှာ ယခုဆိုလျှင် ကျေးရွာ ပေါင်း ၈၅၆၅ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခုကို အရည်အသွေးပြည့်မီစွာဖြင့် လူထုအကျိုးအတွက် အကောင် အထည်ဖော်ပေးနိုင်ခဲ့သောကြောင့် ဖွံ့ဖြိုးရေးအသီးအပွင့်များကို ကျေးလက်လူဦးရေ ၅ ဒသမ ၂ သန်းက ရရှိခံစားနေနိုင်ပြီဖြစ်ပါ ကြောင်း၊ စီမံကိန်းမှ ဒေသခံကျွမ်းကျင်ပညာရှင် ၂၆၄ ဦးနှင့် ဘွဲ့ရလူငယ် ၂ဝ၅ဝ တို့ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ မြို့နယ်သုံးမြို့နယ်သည် စီမံကိန်း စက်ဝန်းလေးခုကို အောင်မြင်စွာအပြီးသတ်နိုင်ခဲ့ပြီး ကျန်မြို့နယ် ၆ဝ ကိုလည်း အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် နေဆဲဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ဘဏ်မှ Country Director Ms. Ellen Goldstein က အမှာစကားပြောကြားပြီး ကျေးရွာအုပ်စု ပထမဆုရရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယဝန်ကြီး ဦးလှကျော်၊ World Bankမှ Country Director Ms. Ellen Goldstein၊ ပြည်သူ့လွှတ်တော်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်းနှင့် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်မှ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်တို့က ဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ စတုတ္ထနှစ်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ညွှန်ကြားရေးမှူး ဦးလှခိုင်က ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသူများက မေးမြန်းသည့်မေးခွန်း များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြီးစီးမှုတို့အပေါ် အုပ်စု ငယ်များဖွဲ့၍ သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် မီဒီယာရှင်းလင်းခြင်းကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပပြီး လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ် လည် သက်ဆိုင်သူပေါင်းစုံပါဝင်သော ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment