Saturday, September 23, 2017

ရင်လပ်ထွက်ပြေးလွတ်မြောက်ရေးအတွက် ကူညီခဲ့သူများကို အနီးကပ်စောင့်ကြည့်




 ဗန်ကောက် စက်တင်ဘာ ၂၂



လွန်ခဲ့သောလက ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ် ထွက်ပြေးလွတ်မြောက်ရေး အတွက် ကူညီခဲ့သူများကို ထိုင်းရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က သောကြာနေ့တွင် ပြောခဲ့သည်။
ရင်လပ်သည် နယ်စပ်ကိုဖြတ်၍ ဗန်ကောက်မြို့မှ ၃ဝဝ ကီလိုမီတာခန့်အကွာရှိ ဆာကီအိုပြည်နယ်မှတစ်ဆင့် က္ဘောဒီးယားသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က မီဒီယာများကို ပြောသည်။ ကမ္ဘောဒီးယားနယ်စပ်သို့ ရင်လပ် ထွက်ပြေးသွားစဉ် အသုံးပြုခဲ့သည်ဟု ယူဆရသောယာဉ်ကို အာဏာပိုင်များက သိမ်းဆည်းထားကြောင်း ¤င်းက ပြောသည်။
အဆိုပါယာဉ်ကို ဗန်ကောက်မြို့ မြောက်ဘက် နတ်ခွန်ပတ်သွန်ပြည်နယ်ရှိ နေအိမ် တစ်လုံးအပြင်ဘက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကားမှတ်ပုံတင်ဌာနမှ တစ်ဆင့် ပိုင်ရှင်ကိုစုံစမ်းခဲ့ရာ ယင်းအချိန်၌ ပိုင်ရှင်နှင့်ကားကို တွဲမိခြင်းမရှိကြောင်း ရဲများက ပြောသည်။ ရဲအရာရှိသုံးဦးမှာလည်း စုံစမ်းမေးမြန်းခြင်းခံနေရသည်။
အဆိုပါလူသုံးဦးမှာ ရင်လပ်ထွက်ပြေးလွတ်မြောက်ရေးအတွက်ကူညီခဲ့သူများဟု ဝန်ခံထားသော်လည်း တရားစွဲဆိုမှုများ မပြုလုပ်သေးပေ။ ယင်းလူသုံးဦးမှာ အသုံးဝင်သည့် သတင်းအရင်းအမြစ်ဖြစ်လာနိုင်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲကပြောသည်။ ယခင် ရဲချုပ်ဟောင်းဖြစ်သူမှာလည်း ရင်လပ်မိသားစုနှင့်ရင်းနှီးသူဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
(ရိုက်တာ)

No comments:

Post a Comment