Saturday, September 23, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်းကို ကြည့်ရှုစစ်ဆေး





 ဖြူး စက်တင်ဘာ ၂၂ 



 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးအောင်ဇော်နိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်တို့နှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ဖြူးချောင်းရေလှောင်တမံဘက်စုံ စီမံကိန်းသို့ရောက်ရှိပြီး ဖြူးချောင်းရေလှောင်တမံနှင့် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် တမံရှုရပ်မှ ဖြူးချောင်းရေလှောင်တမံကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်း ဆောင် ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ ဆည်ရေသောက်စနစ် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုင်ရာ အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဖြူးချောင်းရေလှောင် တမံ ဘက်စုံစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအ္တရာယ်များကို ကြိုတင်တွက်ချက်စီမံဆောင်ရွက် သွားကြရမည်ဖြစ်ပြီး သဘာဝဘေးအ္တရာယ်များနှင့်စပ်လျဉ်း၍လည်း စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေကြရမည်ဖြစ်ကြောင်း၊ ဖြူးချောင်းရေလှောင်တမံ သည် ဆည်ရေသောက်ဧရိယာ ၉ဝဝဝဝ ဧက ရေပေးဝေနိုင်ရေးလျာထားဆောင်ရွက် လျက်ရှိရာ ယခုအချိန်အထိ ၁၆ ဒသမ ၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်သဖြင့် ကျန်လုပ်ငန်းများကို စီမံချက်အတိုင်း နှစ်အလိုက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ဒေသခံတောင်သူများ ဆည်ရေကို အကျိုးရှိစွာ အသုံးချနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအနေဖြင့် မိုးတွင်းကာလအတွင်း ရေအားလျှပ်စစ်မှရရှိလာသည့် လျှပ်စစ်ဓာတ်အားများကို အပြည့်အဝအသုံးချသွားရန်နှင့် အလေအလွင့်မရှိ အောင် ထိန်းသိမ်းသွားရန်လိုအပ်ပါကြောင်း၊ စီမံကိန်းတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် သက်သာ ချောင်ချိရေးတို့ကို ထိုက်သင့်သလိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း စက်များတပ်ဆင်မောင်းနှင်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနှင့် ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂ဝ မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက် နှစ်လုံးတပ်ဆင်ထားပြီး စုစုပေါင်း ၄ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ မိုးရာသီတွင် စွမ်းအားပြည့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment