Saturday, September 23, 2017

ထရန့်ကို စိန်ခေါ်သည့်အနေဖြင့် ဒုံးကျည်စွမ်းရည်များကို မြှင့်တင်သွားမည်ဟု အီရန်ပြောကြား





Image may contain: 1 person, beard and closeup
လန်ဒန် စက်တင်ဘာ ၂၂



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တောင်းဆိုမှုများကို ဖီဆန်သည့်အနေဖြင့် အီရန်သည်နိုင်ငံအတွင်းရှိ ဒုံးကျည်များကို စွမ်းအင်မြှင့်တင်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်အတွက်လည်း မည်သည့်နိုင်ငံ၏ခွင့်ပြုချက်ကိုမျှ ရရှိအောင်ကြိုးပမ်းနေလိမ့် မည်မဟုတ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက သောကြာ နေ့တွင် ပြောကြားခဲ့သည်။
သမ္မတရိုဟာနီသည် စစ်ရေးပြအခမ်းအနားတစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။အီရန်သတင်းအေဂျင်စီ၏ဖော်ပြချက်အရ အဆိုပါစစ်ရေးပြအခမ်းအနား၌ ပြသမည့် လက်နက်များအနက်တစ်ခုမှာ အကွာအဝေးအားဖြင့် ၂ဝဝဝ ကီလိုမီတာ (မိုင်ပေါင်း ၁၂ဝဝ) အထိ ရောက်ရှိနိုင်ပြီး နျူကလီးယားဒုံးကျည်ထိပ်ဖူးအချို့ကို တင်ဆောင်နိုင်သည့် တိုက်ချင်း ပစ်ဒုံးကျည်သစ်တစ်စင်းဖြစ်ကြောင်း သိရသည်။
အဂ¯နေ့ကကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ၌ ထရန့်ကအီရန်သည် ¤င်း၏ ဒုံးကျည်စွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေပြီး ယီမင်၊ ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နေရာဒေသများကို ပဋိပက္ခများဖြစ်အောင် လှုံ့ဆော်လျက်ရှိ သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
ထရန့်သည် ၂ဝ၁၅ခုနှစ်က အမေရိကန်ပြည်ထောင်စုနှင့် အင်အားကြီးခြောက်နိုင်ငံတို့က အီရန်နှင့်အတူချုပ်ဆိုခဲ့ကြသည့် ပဋိညာဉ်စာချုပ်ကိုလည်းဝေဖန်ရှုတ်ချခဲ့သည်။ အဆိုပါ စာချုပ် အရ အီရန်သည် စီးပွားရေးအရ ပိတ်ဆို့ခံရမှုများလျော့ပါးသက် သာစေရန်အတွက် ¤င်း၏ နျူကလီးယားအစီအစဉ်များကို အကန့်အသတ်ဖြင့် ထိန်းချုပ်ဆောင်ရွက်သွားမည်ဟု သဘော တူညီ ခဲ့သည်။
ယခုနှစ်တွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးမှလွဲ၍ က္ဘာ့နိုင်ငံ များ အားလုံးက အီရန်နျူကလီးယားသဘောတူစာချုပ်ကို ထောက်ခံကြသည်ဟု ရိုဟာနီက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရက်တေလာဆန်က နျူကလီးယားသဘော တူစာချုပ်ကို ပြောင်းလဲရလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်ပါ က အမေရိကန်ပြည်ထောင်စုသည် အီရန်နှင့်သင့်မြတ်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။သို့သော်အီရန်ကမူ နျူကလီးယားသဘောတူစာချုပ်နှင့်ပတ်သက်၍ ပြန်လည်ညှိနှိုင်း ဆွေးနွေးမှု ရနိုင်လိမ့်မည်မဟုတ်ဟု ဆိုထားသည်။ (ရိုက်တာ)

No comments:

Post a Comment