Thursday, September 21, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘူးသီးတောင်မြို့သို့ ရောက်ရှိ

Image may contain: 2 people, people standing

နေပြည်တော် စက်တင်ဘာ ၂ဝ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက် ရှိပြီး နိုဘိုဂျင်ဘရောင်း ဥစားကြက်များ မွေးမြူထားရှိမှု၊DYL ဝက်များ မွေးမြူ ထားရှိမှုနှင့် တစ်ဧကကွက်များဖြင့် မြေ ပြုပြင်၍ စပါးစိုက်ပျိုးထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရွှေမင်းဂံလှေဆိပ်မှ အမြန်သွားရေယာဉ် များဖြင့် ထွက်ခွာကြရာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိကြသည်။
ထို့နောက် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာသို့ ရောက်ရှိကြပြီး တပ်ရင်းခန်းမ၌ နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များ အား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက စားသောက်ဖွယ်ရာများနှင့် တပ်ရင်း မိခင် နှင့် ကလေးအသင်းအတွက် ရန်ပုံငွေအား လည်းကောင်း ပေးအပ်ပြီးနောက် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment