Thursday, September 21, 2017

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၁ဝ)ကြိမ်မြောက် အာရှပစိဖိတ် ကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး တက်ရောက်သည့် ကြည်းတပ်ဦးစီးချုပ်များနှင့်သီးခြားတွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖြစ်စဉ်ဖြစ်ရပ်မှန်များနှင့်ပတ်သက်၍ အထောက်အထားများနှင့် ရှင်းလင်း

Image may contain: 2 people, people sitting and indoor


နေပြည်တော် စက်တင်ဘာ ၂ဝ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် (၁ဝ)ကြိမ်မြောက် အာရှပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်စဉ် အမေရိကန်ကြည်းတပ် ပစိဖိတ် တပ်မှူးGen. Robert B. Brown ၊ သြစတြေးလျ ကြည်းတပ်ဦးစီးချုပ် Lt. Gen. Angus Campbell ၊ ကိုရီးယားကြည်းတပ်ဦးစီးချုပ် Gen. Kim Yong-woo ၊ ဂျပန် ကြည်းတပ်ဦးစီးချုပ် Gen. Koji Yamazaki တို့နှင့် သီးခြားတွေ့ဆုံ၍လည်းကောင်း၊ ဟန်မြစ်တွင်းသွား သင်္ဘော ပေါ်တွင် ကျင်းပပြုလုပ်သည့် ညစာစားပွဲအတွင်း အမေရိကန် ကြည်းတပ်ဦးစီးချုပ် Gen. Mark A. Milley ၊ ကနေဒါ ကြည်းတပ်ဦးစီးချုပ် Lt. Gen. Paul Wynnyk ၊ မွန်ဂို လီးယားကြည်းတပ်ဦးစီးချုပ် Maj. Gen. Amglanbaatar Bujinov အပါအဝင် ဘင်္ဂလားဒေ့ရှ်ကြည်းတပ် အမှတ်(၉)တပ်မမှူးဖြစ်သူ Maj. Gen. Sajjadul Haque တို့ကို လည်း သီးသန့်တွေ့ဆုံ၍ လည်းကောင်း ရခိုင်ပြည်နယ်၏ ဖြစ်စဉ်ဖြစ်ရပ်မှန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင် ပြည်နယ်၏ သမိုင်းကြောင်း၊ ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မတိုင်မီ ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများ အခြေအနေနှင့် ¤င်းရက်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် မှုအရေအတွက်၊ မီးရှို့ဖျက်ဆီးကျေးရွာအရေအတွက် အပါအဝင် အေးချမ်းစွာနေလိုပြီး အကြမ်းဖက်မှုကိုဆန့်ကျင်သည့် တစ်ဖက် နိုင်ငံသို့ ထွက်မပြေးဘဲ ဆက်လက်နေထိုင်နေသည့် ဘဂ¯လီ ကျေးရွာအခြေအနေများကို ရှင်းလင်းပြသပြီး နိုင်ငံတော် အစိုးရနှင့် တပ်မတော်အပေါ် Genocide နှင့် Ethnics Cleansing အဖြစ် စွပ်စွဲနေမှုများမှာ ဟုတ်မှန်မှုမရှိကြောင်း ရှင်းပြခဲ့သည်။
ထို့ပြင် ၂ဝ၁၂ ခုနှစ် ဖြစ်စဉ်၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုတို့ကို ရှင်းလင်းပြောကြား သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ် ၂၄ ရက်တွင် ကိုဖီအာနန်ကော်မရှင်က ရခိုင်ပြည်နယ် အကြံ ပြုချက်တင်ပြခြင်း၊ သတင်းစာရှင်းလင်းခြင်း ပြုလုပ်မှုတွင် ရခိုင်ဒေသရှိ ဘဂ¯လီများက တိုက်ရိုက်နိုင်ငံသားအခွင့်အရေး ရလိုမှုအတွက် တောင်းဆိုနေသည့် ၁၃၅ မျိုးသော တိုင်းရင်းသား မျိုးနွယ်စု၌ မပါသည့် ''ရိုဟင်ဂျာ'' အသုံးအနှုန်းများ ပါဝင် လာမှုမရှိခြင်းအပါအဝင် ဘင်္ဂါလီများ မျှော်လင့်သည့်အချက် မပါလာခြင်း၊ ¤င်းအပေါ် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ က္ဘာမှ အထူးအာရုံစိုက် စေရန် ရည်ရွယ်ချက်တို့ဖြင့် ရဲစခန်း ၃ဝ အပါအဝင် တပ်ရင်း ဌာနချုပ်တို့အား နေရာတစ်ခုလျှင် ၃ဝဝ နှင့် အထက် လူအုပ်စု ကြီးများက လက်နက်ကြီး/ ငယ်အပါအဝင် တုတ်၊ ဓား၊ လှံ၊ ဂျင်ကလိ စသည့် လူကိုသေစေနိုင်သည့် လက်နက်များကို အသုံးပြု၍ အကြမ်းဖက်မှု ၊ အတူနေထိုင်သည့် ဟိန္ဒူဘာသာ ဝင်များကို အကြမ်းဖက်ကာလအတွင်း အစ္စလာမ်ဘာသာသို့ အတင်းကူးပြောင်းခိုင်းရာမှ လက်မခံနိုင်သူများကို သတ်ဖြတ်မှု၊ နိုင်ငံတော်အစိုးရက အုပ်ချုပ်မှုအာဏာစက်နှင့် နိုင်ငံတော် လုံခြုံရေးထိပါးလာမှုအပေါ် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာမှု၊ တပ်မတော်က နိုင်ငံတော်အစိုးရ၏ စစ်ဆင်ရေး နယ်မြေသတ်မှတ်တာဝန်ပေးမှုအရ နိုင်ငံတကာ စစ်ပွဲဥပဒေ နှင့် ပြည်တွင်း ရာဇသတ်ကြီး ဥပဒေများနှင့်အညီ ပြဋ္ဌာန်း ထားသည့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အနည်းဆုံး အင်အားသုံး၍ အသုံးပြုခဲ့မှု ၊ ထုတ်ပြန်ထားသည့် Rule of Engagement (ROE)ကို စစ်သည်တိုင်း လိုက်နာ ဆောင်ရွက်နေမှု၊ အေးချမ်းစွာနေထိုင်လိုပြီး အကြမ်းဖက်မှု ကို မလိုလားသည့် ဘင်္ဂါလီရွာများက အကြမ်းဖက်သမားများ ကို ဖမ်းဆီး၍ ရဲစခန်းသို့အပ်နှံပေးမှု၊ နိုင်ငံတော် အစိုးရအပါ အဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မောင်တော- ဘူးသီးတောင် ဒေသ ရွှေ့ပြောင်းဒုက္ခသည် တိုင်းရင်းသားအများစုအား လူသားချင်းထောက်ထားမှု အကူအညီများ၊ ဆေးဝါးကုသ ပေးသကဲ့သို့ အေးချမ်းစွာနေလိုပြီး အကြမ်းဖက်မှုကိုဆန့်ကျင် ၍ အကြမ်းဖက်ကာလအတွင်း ကျေးရွာအတွင်းသို့ ဝင်ရောက် စည်းရုံး၊ ခြိမ်းခြောက်လာသည့် အကြမ်းဖက်သမားများကို ဖမ်းဆီးလာသော ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများကိုလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်း၊ ဆေးကုသမှုပြုလုပ်ပေးနေမှု ၊ မိမိတိုင်းရင်းသားများ ရွာလုံးကျွတ် ထွက်ပြေးရမှု၊ ထွက်ပြေးစဉ် မလိုက်နိုင်၍ အကြမ်းဖက်သမား များ ဖမ်းမိမှုကြောင့် ရက်ရက်စက်စက် လူမဆန်စွာ လည်လှီး အသတ်ခံရသည့် တိုင်းရင်းသူ မိခင်နှင့် နှစ်နှစ်အရွယ် ကလေး နှစ်ဦး အခြေအနေ၊ ဘာသာပြောင်းရွှေ့မှုအား လက်မခံသည့် ဟိန္ဒူအမျိုးသမီးနှင့် ငါးနှစ်အရွယ် ကလေးအား အနီးကပ် မျက်နှာများ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်၍ သတ်ဖြတ် မှုတို့ကို ဓာတ်ပုံအထောက်အထားများဖြင့် ဆက်လက် ရှင်းပြသည်။
ထို့ပြင် ရဲစခန်းသို့ရောက်ရှိလာသည့် ARSA အစွန်း ရောက်အကြမ်းဖက်သမားများအား စစ်ကြောချက်အရ ဘင်္ဂါလီကျေးရွာအလိုက် ရွာလုံးကျွတ် အကြမ်းဖက် စစ်ပညာ သင်ကြားရမှု၊ တပ်ဖွဲ့ဝင်အဖြစ် ကိုရ်ရမ်ကျမ်းကိုင်၍ သစ္စာ ဆိုရမှုအပါအဝင် အကြမ်းဖက်သမားအမည်နှင့် ဓာတ်ပုံများ ကိုလည်း ဖော်ထုတ်ရရှိမှုနှင့် ဖော်ထုတ်ဆဲ အခြေအနေများ၊ လက်ရှိထွက်မပြေးဘဲ အေးဆေးစွာနေထိုင်နေသည့် ဘင်္ဂါလီ ကျေးရွာများတွင်မူ အကြမ်းဖက်သမားများ အနည်းစုပါရှိ သော်လည်း အများစုမှာ အကြမ်းဖက်အုပ်စုကို ဆန့်ကျင်သဖြင့် အနည်းစုသာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှု အခြေအနေများကို ဓာတ်ပုံနှင့် စာရင်းဇယားအထောက်အထားများဖြင့် ရှင်းလင်း သည်။
အဆိုပါ ကြည်းတပ်ဦးစီးချုပ်များက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးပြောကြားချက်များကို မိမိတို့ သက်ဆိုင်ရာအကြီးအကဲများထံ နှုတ်ဖြင့် တင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် ယခုစိန်ခေါ်မှုပြဿနာအား အကောင်းဆုံး ဖြေရှင်းဆောင်ရွက် ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြစ်ရပ်မှန် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် Memory Stickကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment