Sunday, September 24, 2017

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်တွင်းပြည်ပ  အလုပ်အကိုင်အခွင့် အလမ်းများအနေဖြင့် ပြည်တွင်း၌ အစိုးရနှင့်  ပုဂ္ဂလိကအလုပ်အကိုင် ၁၈၇၈၉နှင့်   ပြည်ပအလုပ်အကိုင် ၁၇၈၉၂ တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သှူအင်အား ဝန်ကြီးဌာနမှ သတင်းတစ်ရပ်အရ သိရသည်။ ပြည်တွင်းအလုပ်အကိုင်များအနေဖြင့် အစိုးရအလုပ်အကိုင် ၂ဝ၃၅ နေရာနှင့် ပုဂ္ဂလိကအလုပ်အကိုင် ၁၆၇၅၄  နေရာတို့ကို   အလုပ်သမားများ      ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွင် ပုဂ္ဂလိကကဏ္ဍ၏ အရေး ပါမှုကို ခန့်မှန်းတွက်ဆကြည့်နိုင်မည်ဖြစ်သည်။  အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုပွင့်လန်းလာပြီး အလုပ်လုပ်ကိုင်သူတစ်ဦးချင်း၏  ဝင်ငွေ တိုးလာခြင်းက နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုမည့် အချက်တစ်ရပ်ဖြစ်သည်။
ပုဂ္ဂလိက အလုပ်အကိုင်များတွင် အလုပ်သမားငါးဦးနှင့် အထက်ရှိနေ ပါက အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား အလုပ်အကိုင်ခန့်ထားခြင်း ဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုကြရမည်ဖြစ်ပြီး နေ့စားနှင့် ပုတ်ပြတ် အလုပ်သမားများအပါအဝင်  တစ်ဦးချင်း  ချုပ်ဆိုကြရမည်ဖြစ်သည်။ စာချုပ်ပါ အချက်အလက်များအရ အလုပ်ရှင်နှင့်  အလုပ်သမားနှစ်ဖက် စလုံးအတွက် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ၊ တာဝန်များ၊    လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ စသည်တို့ကို တိတိကျကျ၊ ခိုင်ခိုင်မာမာပြဋ္ဌာန်း ပေးထားသည်။
အသင်းအဖွဲ့ဝင်ဖြစ်ခြင်း၊ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ် စသည်တို့အပေါ်မူတည်၍ ခွဲခြားဆက်ဆံခြင်းမပြုရန်၊ မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့်   နိုင်ငံခြားသားအလုပ်ရှင်များ၊ ကြီးကြပ်သူများ၊ ပညာရှင်များနှင့် ¤င်းတို့၏မိသားစုဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစား  လိုက်နာရန်၊ တည်ဆဲအလုပ်သမားရေးရာဥပဒေနှင့် အခြားဥပဒေများကို လေးစားလိုက်နာရန်၊ ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့်   တရားစွဲဆို ခံနိုင်ခွင့်တို့ရှိစေရန်၊ အလုပ်သမားများ၏ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များနှင့် စပ်လျဉ်း၍ အလုပ်သမားများအား ပွင့်လင်းစွာအသိပေးထားရန်၊ လုပ်ငန်း ခွင် ဘေးအ္တရာယ်ကင်းရှင်းရေး  ဦးစားပေးရန်ဟူသော အချက်အလက် များသည် အလုပ်ရှင်များ၏ တာဝန်ဝတ္တရားများဖြစ်သည်။
အလုပ်သမားများ၏ တာဝန်ဝတ္တရားများအနေဖြင့်မူ လုပ်ငန်းခွင် ဘေးအ္တရာယ်ကင်းရှင်းရေးဆိုင်ရာ òန်ကြားချက်များကို    လိုက်နာ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အတွင်းသို့ မဝင်ရောက်မီ လုပ်ငန်းလိုအပ် ချက်အရ သတ်မှတ်ထားသည့် လုပ်ငန်းခွင် အကာအကွယ်ပေးရေးပစ္စည်း များကို စနစ်တကျဝတ်ဆင်ရန်၊   လုပ်ငန်းခွင်နှင့်    အလုပ်ချိန်အတွင်း မူးယစ်ဆေးဝါးများကို သောက်စားမူးယစ်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ အ္တရာယ်ပြုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့မပြုရန်၊ အလုပ်ရှင်က ကြိုတင်ဖွင့်ဟထားသည့် လုပ်ငန်း ဆိုင်ရာ လျှို့ဝှက်သတင်းအချက်အလက်များကို ပြင်ပသို့ မပေါက်ကြား စေရေး ထိန်းသိမ်းရန်၊ အခွင့်အမိန့်မရှိဘဲ လုပ်ငန်းဆိုင်ရာမှတ်တမ်းများ၊ စာရွက်စာတမ်း၊ စာရင်းဇယားများကို  ထုတ်နုတ်အသုံးပြုခြင်း၊ ကူးယူ ခြင်း၊ ဖယ်ရှားခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြင်ပသို့ ယူဆောင်ခြင်းတို့မပြုရန်၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ    ညှိနှိုင်းသဘောတူညီ ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်၊ တည်ဆဲဥပဒေများပါ အခွန်အခများပေးဆောင်ရန်၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုများ ၌ ညှိနှိုင်းဖျန်ဖြေသည့်နည်းဖြင့် ဖြေရှင်းရန်စသည့်   အချက်များအပါ အဝင်ဖြစ်သည်။
ယခုအခါ လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်းက   သတ်မှတ်ခဲ့သည့် အနည်းဆုံး  အခကြေးငွေဖြစ်သော တစ်နာရီလျှင်    ၄၅ဝ ကျပ်နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီတစ်ရက်အတွက် ကျပ် ၃၆ဝဝ   သတ်မှတ်ချက်ကို   နှစ်နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင် သတ်မှတ်ရန် သက်ဆိုင်ရာ အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ    ပြုလုပ်နေကြပြီဖြစ် ကြောင်း သတင်းများတွင် တွေ့ရှိနေရပြီဖြစ်သည်။ အနည်းဆုံး အခကြေးငွေ မြင့်မားစွာသတ်မှတ်ခြင်းနှင့် နည်းပါးစွာသတ်မှတ်ခြင်းဟူသော   အစွန်း တရားနှစ်ဖက်ကြောင့် အလုပ်သမားနှင့် အလုပ်ရှင်တို့အပေါ်တွင်သာမက နိုင်ငံနှင့် ပြည်သူများကိုပါ ထိခိုက်နိုင်စေသည့်ဖြစ်စဉ်များ   ဖြစ်ပေါ်လာနိုင် ကြောင်းကို သတိမူပြီး  ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဆိုသကဲ့သို့ သူလည်းဝမ်းသာ၊ ကိုယ်လည်းရွှင်ပြုံးနိုင်သည့် အဖြေတစ်ရပ်ကို ရရှိနိုင် ကြပါစေကြောင်း။     ။

No comments:

Post a Comment