Sunday, September 3, 2017

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယငါးနှစ် စီမံကိန်း၏ လုပ်ငန်းစီမံချက်များ ရှင်းလင်း

Image may contain: one or more people, people sitting, screen, table and indoor
တောင်ကြီး စက်တင်ဘာ ၂
၂ဝ၁၇ - ၂ဝ၂၁ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု
တိုက်ဖျက်ရေးဆိုင်ရာ တတိယငါးနှစ် စီမံကိန်း
၏ လုပ်ငန်းစီမံချက်များ ရှင်းလင်းပွဲကို
စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက
တောင်ကြီးမြို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် လူကုန်ကူးမှု တားဆီးကာ
ကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်း
အောင်က မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု
တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့
ပြီး တိုက်ဖျက်ရေးလုပ်ငန်းများကို ငါးနှစ်
စီမံကိန်းများ ရေးဆွဲကာ အကောင်အထည်
ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ငါးနှစ်စီမံကိန်း ၂ဝ၁၇- ၂ဝ၂၁ ကို အောင်မြင်စွာ အကောင်
အထည်ဖော်နိုင်ရေးအတွက် မိမိတို့နှင့်
သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်
၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများမှာ တွေ့ကြုံရသည့် အခက်အခဲ
များကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရန်
အတွက် ယခုအစည်းအဝေးပြုလုပ်ရခြင်းဖြစ်
ပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်
နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၏ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး
ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား
ရှင်းလင်းပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့ ရဲမှူးလှဦးက ငါးနှစ်စီမံကိန်းလုပ်ငန်း စီမံချက်များအား ရှင်းလင်းကာ တက်ရောက်
လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူကုန်
ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေး၍ ရှမ်းပြည်နယ်လူကုန်ကူး
မှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး
ကြီး နိုင်ဝင်းအောင်က နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment