Sunday, September 3, 2017

အတွေ့အကြုံရှင်းလင်းပွဲနှင့် ဥပဒေအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး စာတမ်းဖတ်ပွဲကျင်းပ

Image may contain: one or more people, people sitting, table and indoor
မကွေး စက်တင်ဘာ ၂
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံရှင်းလင်းပွဲနှင့် ဥပဒေအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး စာတမ်းဖတ်ပွဲအား မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးခန်းမ၌စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက တက်ရောက်လာသည့် ခရိုင်ငါးခု နှင့် ၂၅ မြို့နယ်တို့မှ ဥပဒေအရာရှိများအား အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်သီသီမာက လုပ်ငန်း
ညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံများနှင့် ဥပဒေအရာရှိများအတွက် ကျင့်ဝတ်နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းခြင်း၊ ခရိုင်ဥပဒေအရာရှိများ နှင့် မြို့နယ်ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
အတွေ့အကြုံရှင်းလင်းပွဲနှင့် စာတမ်းဖတ်ပွဲအား သြဂုတ် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မကွေးခရိုင်ဥပဒေအရာရှိ ဒေါ်ဆွေဆွေဦးက အိမ်မြေကျူးကျော်မှုနှင့် စပ်လျဉ်း၍ သိကောင်းစရာများစာတမ်း၊ မင်းဘူးခရိုင်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်မြင့်က ပြင်ဆင်၊အယူခံအကြောင်း သိကောင်းစရာများ၊ သရက်ခရိုင်ဥပဒေအရာရှိ ဦးကြည်ခင်က သက်ငယ် မုဒိမ်းမှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ စာတမ်း၊ ပခုက္ကူခရိုင်ဥပဒေအရာရှိ ဦးသိန်းဌေးက သစ်တောဥပဒေအရအရေးယူမှုတွင် သစ်မှအပ အခြားသောပစ္စည်းများအား သိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများစာတမ်း၊ ဂန့်ဂေါခရိုင်ဥပဒေအရာရှိ ဦးအေးဝင်းက အာမခံကိစ္စနှင့် ရဲစက္ကူနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကိစ္စအကြောင်း သိကောင်းစရာများ စာတမ်းတို့အား ဖတ်ကြားဆွေးနွေးခြင်းများ၊ စာတမ်းအပေါ် ဥပဒေအရာရှိများက မေးမြန်းဆွေးနွေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment