Sunday, September 3, 2017

ကမ္ဘာ့ဘဏ်မှ လူထုဗဟိုပြု စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းလေ့လာ

Image may contain: one or more people, people standing and crowd
မောက်မယ် စက်တင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးဝင်းဇော်ထွန်း၊ ကမ္ဘာ့ဘဏ်မှMr. Oliver Russel ဦးဆောင်သောအဖွဲ့နှင့်
လင်းခေးခရိုင်ဦးစီးမှူး ဦးမျိုးဇော်၊ မြို့နယ်
ကျေးလက်ဦးစီးမှူးနှင့် အင်ဂျင်နီယာများ လိုက်ပါပြီး ကျေးလက်နေပြည်သူများထံသို့
လူထုဗဟိုပြု စီမံကိန်းကျေးရွာများသို့ ကွင်း
ဆင်းလေ့လာရေးကို စက်တင်ဘာ ၁ ရက်က
လင်းခေးခရိုင် မောက်မယ်မြို့နယ် ပန်းတန်ကျေး
ရွာအုပ်စု လွိုင်ဆမ်ဆစ်ကျေးရွာ ဘုန်းတော်
ကြီးကျောင်းနှင့် ဟိုလွိုင်ကျေးရွာအုပ်စု ခုံမမွန်
ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေ
ဒေသခံတိုင်းရင်းသား လုပ်သားပြည်သူတို့ နှင့် သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရ
သည်။
ကျေးရွာနေ ဒေသခံတိုင်းရင်းသားလုပ်သား
ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ဦးစီးအရာရှိ ဦးဝင်းဇော်ထွန်းနှင့် ကမ္ဘာ့ဘဏ်မှ Mr. Oliver Russel တို့က အမှာစကားပြောကြားပြီး လင်းခေးခရိုင်ဦးစီးမှူး ဦးမျိုးဇော်က ကျေးလက်
နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက် အကောင်အထည်ဖော်ရေးအတွက်လိုအပ်သည့် ငွေကြေးအထောက်အပံ့
များ၊ စီမံကိန်းလုပ်ငန်းရွေးချယ်ရာတွင် ကျေး
လက်နေ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန်စသည့်
လူထုဗဟိုပြု စီမံကိန်းများအကြောင်းနှင့် ပတ်
သက်ပြီး အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ လူထုဗဟိုပြု စီမံကိန်းများ ပြီးစီး
သွားပါက နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာ
နေ တိုင်းရင်းသားလုပ်သားပြည်သူများ လူမှု စီးပွားဘဝ အဆင်ပြေချောမွေ့ကြပြီး လူနေမှု
အဆင့်အတန်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)

No comments:

Post a Comment