Friday, September 1, 2017

လီယိုနာဒိုဒီကာပရီယိုဖောင်ဒေးရှင်းမှ ဟာဗေးဟာရီကိန်းဒဏ်ခံခဲ့ရသူတွေအတွက် ဒေါ်လာတစ်သန်း လှူဒါန်း

Image may contain: 1 person, standing and suit
ယခုသီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း(ဟာဗေး)ကြောင့် ထိခိုက်ဆုံးရှုံး ခဲ့ရသူတွေနဲ့ မိသားစုဝင်တွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ကာ အော်စကာဆုရှင်မင်းသားကြီး လီယိုနာဒိုဒီကာပရီယိုတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ တစ်သန်းကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဟာရီကိန်းဟာဗေးဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းဒေသတွေ နဲ့ လူဝစ်ရှိုင်းယားတောင်ပိုင်းတွေကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒေသခံ ထောင်ပေါင်းများစွာ မုန်တိုင်းဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လူမှု အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထောက်ပံ့ငွေတွေပေးအပ်ခဲ့ကြတာ ဖြစ်ပြီး ဟောလိဝုဒ်အနုပညာရှင်တွေကလည်း တစ်တပ်တစ်အားပါဝင် ခဲ့တာတွေ့ရပါတယ်။ မင်းသားလီယိုနာဒိုတည်ထောင်ထားတဲ့ လီယိုနာဒို ဒီကာပရီယိုဖောင်ဒေးရှင်းက လတ်တလောမှာ အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနိုက်တက်ဝေးဝေါဝိုက်ဒ်က ဟာဗေးဒဏ်ခံခဲ့ရသူတွေအတွက် ရန်ပုံငွေအဖွဲ့တစ်ရပ်ဖွဲ့စည်းထားပြီး ဟာရီကိန်းဒဏ်ခံခဲ့ရသူတွေနဲ့ ဒေသခံတွေအတွက် ပြည့်စုံတဲ့ထောက်ပံ့ မှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ထားကာ လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိ ကြောင်းကိုလည်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလှူဒါန်းခဲ့တာဟာ ဟောလိဝုဒ်အနုပညာရှင်တွေအနက် လီယို နာဒိုဒီကာပရီယိုက ပထမဆုံးတော့မဟုတ်ခဲ့ပါဘူး။ အခြားသော အနုပညာ ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဘီယွန်းစေးနိုးလက်စ်၊ အယ်ရော့ခ်၊ ကမ်ကာဒါးရှီး ရန်း၊ ဂျနီဖာလိုပက်ဇ်နဲ့ ဆန်ဒရာဘူးလော့ဒ် အစရှိသူတွေကလည်း မုန်တိုင်းဒဏ်သင့်ခဲ့ရသူတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment