Friday, September 1, 2017

ဒိုင်ယာနာကွယ်လွန်ခြင်း နှစ်၂ဝ ပြည့်ခဲ့ပြီ

Image may contain: 11 people, people smiling, people standing and outdoor
ဝေလမင်းသမီး ဒိုင်ယာနာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ သြဂုတ် ၃၁ ရက်မှာ နှစ်၂ဝ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါနေ့မှာတော့ ဒိုင်ယာနာ မကွယ်လွန်မီက နေထိုင်ခဲ့ရာ ကင်းစတန်းနန်းတော်မှာရှိတဲ့ ဝှိုက်ဥယျာဉ်မှာ တော့ သူ့ကိုချစ်ခင်ကြတဲ့ မိသားစုဝင်တွေက အမှတ်တရ လာရောက်နှုတ်ဆက်ကြတာဖြစ်ပြီး ဒိုင်ယာနာရဲ့ သားတွေဖြစ်ကြတဲ့ မင်းသားဝီလျံ၊ မင်းသားဟယ်ရီနဲ့အတူ မင်းသားဝီလျံရဲ့ဇနီးဖြစ်သူ ကိတ်မစ်ဒယ်တန်တို့လည်း လာရောက်နှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။
သာမန်အချိန်တွေမှာတော့ သမိုင်းဝင်နေရာအဖြစ် ထားရှိခဲ့တဲ့ ဝှိုက်ဥယျာဉ်ဟာ ဒိုင်ယာနာကွယ်လွန်ခြင်း နှစ် ၂ဝ ပြည့်အထိမ်းအမှတ်အတွက် ရည်ရွယ်ကာ ယခုနှစ်နွေဦးနဲ့ နွေရာသီတွေမှာတော့ ဥယျာဉ်ကို ပန်းတွေနဲ့အလှဆင်ခဲ့တာဖြစ်ပြီး တော်ဝင်တွေရဲ့အငွေ့အသက်တွေ ဖုံးလွှမ်းနေစေဖို့ များသောအားဖြင့် အဖြူရောင်တွေ လွှမ်းခြုံနေအောင် ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment