Friday, September 22, 2017

လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းမကြီးပေါ်ရှိ ဈေးသည်များကြောင့် သွားလာရေးခက်ခဲနေ



ထင်သာမြင်သာပြုပြင်စရာ



လှိုင်သာယာမြို့နယ်၏ နေ့စဉ်လူစည် ကားရာဈေးဖြစ်သော မီးခွက်ဈေးရှေ့ ဗိုလ်အောင်ကျော် လမ်းမကြီးအား အများပြည်သူသွားလာရေးအဆင်ပြေ ချောမွေ့စေရန် ၂ဝ၁၄ ခုနှစ်တွင် ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းခင်းပေးခဲ့ပြီး ရွှံ့ဗွက်လမ်းမကြီးမှ ကွန်ကရစ်လမ်း အဖြစ်ဆောင်ရွက်နိုင်လို့ ပြည်သူများ သွားလာရေး၌ စိတ်အေးချမ်းစွာ သွားလာနိုင်ခဲ့သည်။
ယခုအခါ အဆိုပါ ကွန်ကရစ်လမ်း ပေါ်တွင် ဈေးဆိုင်များငှားရမ်းဖွင့်လှစ် ရောင်းချနေသည့်အတွက် လူ၊ ယာဉ်များ အပြင် သံဃာတော်များလည်း သွားလာ ရေးအခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရသည်။
''လမ်းမကောင်းခင်ကလည်း ရေမြောင်းကျော်ပြီး ဈေးဆိုင်ဆောက် ကြတယ်။ ရေမြောင်းနဲ့ လမ်းမကြားမှာ ဈေးဆိုင်တွေ နှစ်ဝက်၊ နှစ်ပတ်နဲ့ ငှားကြ တယ်။ ဈေးလမ်းမတန်းကြီးဆိုတော့ အားလုံးနီးပါး လမ်းပုခုံးနားထိ ဈေးဆိုင် ဆောက်ရုံသာမကဘဲ ကွန်ကရစ်လမ်း ပေါ် ထိဖွင့်ကြတော့ ကားတွေ၊ ဆိုက်ကား တွေရပ်တာနဲ့ လမ်းသွားလို့မရတော့ ဘူး။
မီးခွက်ဈေးမီးပွိုင့်ကနေ ပိတောက် မြိုင်ဈေးရှေ့နဲ့ ဗညားဒလလမ်းဆုံထိကို နံနက်ပိုင်း၊ ညနေပိုင်းတွေမှာ လမ်းပိတ် ဆို့မှုပိုဖြစ်တယ်။ စည်ပင်လာရှင်းပေမယ့် သိပ်မကြာဘူး။ လမ်းပြန်ပိတ်တာပဲ။ အများပြည်သူတွေ သွားလာရေးဒုက္ခ ရောက်နေတာတော့ အမှန်ပါပဲ'' ဟု အဆိုပါ လမ်းမကြီးပေါ်တွင် နေထိုင် သော ဦးမြင့်စိုးက ပြောသည်။
ဗိုလ်အောင်ကျော်လမ်းမကြီးကို အားကိုးပြီးသွားလာနေရသော ပြည်သူ များ၊ လမ်းအသုံးပြုသူများအနေဖြင့် အ္တရာယ်ကင်းစွာ သွားလာနိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် မျှော်လင့်နေကြကြောင်း သိရ သည်။
(၁၆၄)

No comments:

Post a Comment