Friday, September 22, 2017

မမြင်ချင်ယောင်ဆောင်ထားသော အကြမ်းဖက်လှုပ်ရှားမှုများ



မြန်မာ့အလင်းအယ်ဒီတာအာဘော်



 မြန်မာနိုင်ငံအကြောင်းဆောင်းပါးများ အစဉ်တစိုက်ရေးသားနေသောBertil Lintner က သူ၏ဆောင်းပါး (The truth behind Myanmar's Rohingya insurgency) ၌ ''ARSAအစွန်းရောက်အကြမ်းဖက်အဖွဲ့သည် တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည်ဟု အသံကောင်းဟစ်နေချိန်၌ အဆိုပါအကြမ်းဖက် အဖွဲ့၏ခေါင်းဆောင်တို့နှင့် အစွန်းရောက်အကြမ်းဖက်အဖွဲ့တို့၏ ဆက်စပ်မှုက ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာပူးပေါင်းကြံစည်မှုတို့ ရှိနေသည်ကို òန်ပြနေပါသည်''ဟု နိဒါန်းဖွင့်တင်ပြထားပါသည်။ တိုင်းရင်းသားအခွင့်အရေးအတွက်ဟူသော အသုံးအနှုန်းသည် အရေး ကြီးပါသည်။ နိုင်ငံတကာရှိ သတင်းမီဒီယာအတော်များများက ရခိုင် ပြည်နယ်ရှိ ဘဂ¯လီမျိုးနွယ်တို့သည် နိုင်ငံသားအခွင့်အရေးကို ငြင်းပယ် ခံထားရသော နိုင်ငံမဲ့များဖြစ်နေလေဟန် ရေးသားနေကြပါသည်။ နိုင်ငံတော်၏ အစိုးရအဆက်ဆက်သည် ပြဋ္ဌာန်းထားသော ဥပဒေတို့ နှင့်ညီညွတ်မှုရှိပါက နိုင်ငံသားအခွင့်အရေးပေးမည်ဟု မူဝါဒချမှတ်ထား သကဲ့သို့ လက်တွေ့လည်း ကျင့်သုံးအကောင်အထည်ဖော်နေသည်သာ ဖြစ်ပါသည်။
Bertil Lintner ၏တင်ပြချက်အရ ARSAအကြမ်းဖက်အဖွဲ့ ၏ခေါင်းဆောင်ဆိုသူသည် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၏ ဆင်ခြေဖုံး ရပ်ကွက်၌ မွေးဖွားကြီးပြင်းခဲ့သော ဘဂ¯လီမျိုးနွယ်ဖြစ်ပါသည်။ ကရာချိ မြို့၏ ဆင်းရဲနွမ်းပါးသော အဆိုပါဆင်ခြေဖုံးရပ်ကွက်တို့၌ မျိုးဆက် နှစ်ဆက်သုံးဆက်အထိ အခြေချနေထိုင်နေကြသော ဘဂ¯လီမျိုးနွယ်တို့ သိန်းချီရှိ၍ အများစုသည် နိုင်ငံမဲ့များဖြစ်ကြသည်ဟု သိရှိရပါသည်။ ပါကစ္စတန်ရှိ ဘဂ¯လီမျိုးနွယ်တို့ အဘယ်ကြောင့် နိုင်ငံမဲ့ဖြစ်နေကြသည် ကို ဂဃနဏ မသိရှိသော်လည်း ရခိုင်ပြည်နယ်ရှိ ဘဂ¯လီမျိုးနွယ် တို့သည် ပေးအပ်ထားသော နိုင်ငံသားအခွင့်အရေးကို ငြင်းပယ်နေသော ကြောင့်သာ နိုင်ငံသားအခွင့်အရေးကို မရရှိကြခြင်း ဖြစ်ပါသည်။
နိုင်ငံတကာထောက်လှမ်းရေးရပ်ကွက်သတင်းတို့အရ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ နာယကဟု သတ်မှတ်ထားသော ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ၌ ဘာသာရေးစစ်ပွဲဆင်နွှဲရန် လှုံ့ဆော်သည့် ဗီဒီယိုတို့ကို ဖြန့်ချိလျက်ရှိပါသည်။ အဆိုပါနာယကဆိုသော ပုဂ္ဂိုလ်သည် တောင်အာရှ၏ အကြီးမားဆုံးအကြမ်းဖက်အဖွဲ့ဖြစ်သော ပါကစ္စတန် အခြေစိုက် Lashkar-e-Taibaနှင့် ဆက်စပ်လျက်ရှိပါသည်။ ARSAအစွန်းရောက်အကြမ်းဖက်အဖွဲ့၌ ပြည်ပနိုင်ငံသား အကြမ်း ဖက်သမား ၁၅ဝ ကျော် ပါဝင်နေသည်ဟု Bertil Lintnerက တင်ပြထားပါသည်။ အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ဖြစ်၍ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတောင်ပိုင်းတို့မှ အကြမ်းဖက် သမားများလည်း ပါဝင်နေပါသည်။ ဥဇဘတ်ကစ္စတန်မှ အကြမ်းဖက် သမားနှစ်ဦးပင် ပါဝင်နေသည်ဟု Bertil Lintner က တင်ပြထား ပါသည်။ ရခိုင်ပြည်နယ်၌ ဘာသာရေးစစ်ပွဲဆင်နွှဲရန် အင်ဒိုနီးရှားနိုင်ငံ၊ အာချေး (Aceh) ၌ စစ်ရေးလေ့ကျင့်နေသည့် ဗီဒီယိုတို့ ပျံ့နှံ့နေသည် ကိုလည်းBertil Lintnerက ထောက်ပြထားပါသည်။ သြဂုတ်လ ၂၅ ရက်က ရဲကင်းစခန်းများစွာအား တစ်ပြိုင်တည်းထိုးစစ်ဆင်ခြင်း သည် စနစ်တကျ အသေးစိတ်တွက်ချက်ပြင်ဆင်နိုင်သည့် စစ်ရေး စွမ်းရည်ရှိမှ ဖြစ်နိုင်သည်ကိုလည်းBertil Lintner က မီးမောင်း ထိုးတင်ပြခဲ့ပါသည်။ အခြေအနေတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေသည့် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ စစ်ရေး လှုပ်ရှားမှုတို့ကို ရခိုင်ပြည်နယ်ရှိ သာမန်ဘဂ¯လီမျိုးနွယ်တို့က စိတ်ဆိုး အမျက်ထွက်လျက်ရှိသည်ဟူသောBertil Lintner ရရှိခဲ့သော သတင်းသည် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ ဗီဇမမှန် သောလုပ်ရပ်ကို ထင်ဟပ်လျက်ရှိကြောင်း လေးနက်စွာတင်ပြအပ် ပါသည်။ ။

No comments:

Post a Comment