Friday, September 22, 2017

နည်းပညာများ ထွန်းကားတိုးတက်လာချိန်ဖြစ်၍ ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်လို





 နေပြည်တော် စက်တင်ဘာ ၂၁



 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ဝန်ကြီးရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ ဖွဲ့စည်းပုံတိုးချဲ့ပြီး အင်အားဖြည့် တင်းပေးရေး၊ ရုပ်ရှင်ဆိုင်ရာ အချက်အလက်အသေးစိတ်စာရင်းကောက်ယူရေး၊ စာပေဗိမာန်ထုတ်စာအုပ်များကို ဝယ်ယူဖြည့်တင်းရေး၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် သုံးစွဲရန် ငွေကြေးလိုအပ်မှု၊ နေပြည်တော်သို့ တာဝန်ဖြင့် အခြားဒေသမှ လာရောက်သောဝန်ထမ်းများအတွက် နေ့တွက်စရိတ်အပြင် တည်းခိုစရိတ်များရရှိရေး၊ နေ့စားဝန်ထမ်းလုပ်သက် ငါးနှစ်ပြည့်ပြီဖြစ်၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေး ရေး၊ အဆင့်တိုးစာမေးပွဲတွင် လုပ်သက်ရင့်ဝန်ထမ်းများအား ဦးစားပေးခန့်ထားနိုင်ရေး၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုအားနည်း သော ဒေသများသို့ နိုင်ငံပိုင်သတင်းစာများရောက်ရှိရေး စသည်ဖြင့် တင်ပြကြရာ ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ပြန်လည်ရှင်း လင်း ဖြေကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့၏ အခက်အခဲများ၊ ဌာနအတွက် သင့်တော်ကောင်းမွန်သော အကြံဥာဏ်များကို ပြောကြားခြင်းဖြင့် တင်ပြချက်များကို အလေးထားပြန်ကြားပေးနေသည့်အတွက် ကောင်းမွန်သောအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများအနေဖြင့် မိမိဌာန ဆက်လက်ရှင်သန်ရေး၊ ရပ်တည်နိုင်ရေး ပိုမိုအားထုတ် ကြိုးစားဆောင်ရွက်သွားကြရန်၊ နည်းပညာများ ထွန်းကားတိုးတက်လာချိန်ဖြစ်၍ ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန်နှင့် ကိုယ့်ဘာသာကိုယ် ကျေနပ်အောင် ကြိုးပမ်းစွမ်းဆောင်နေသလို အများပြည်သူကပါ အသိအမှတ်ပြုလက်ခံသည့် ဌာနတစ်ခုဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment