Wednesday, September 20, 2017

ကုလသမဂ္ဂအဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတဒေါ်နယ်ထရန့် တိုက်တွန်း

Image may contain: 6 people, people smiling
ကုလသမဂ္ဂ စက်တင်ဘာ ၁၉
ကုလသမဂ္ဂ၏ ဗျူရိုကရေစီယန္တရား ဖောင်းပွနေပြီး စီမံ ခန့်ခွဲရေးစနစ် လွဲချော်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၈ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်သို့ ပထမဆုံးအကြိမ်သွားရောက်စဉ် ဝေဖန် ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း စောင့်ရှောက်သည့် ပိုမို၍စွမ်းပကားကြီးမားသောအဖွဲ့ အစည်းကြီးအဖြစ် ရပ်တည်နိုင်စေရေးအတွက် ပြုပြင် ပြောင်းလဲရေးလုပ်ဆောင်ရန် မိမိတိုက်တွန်းကြောင်း သမ္မတထရန့်က ပြောကြားသည်။
သမ္မတ ထရန့်သည် ကုလသမဂ္ဂနှစ်ပတ်လည်အထွေထွေ ညီလာခံ၌ စက်တင်ဘာ၁၉ ရက်တွင် မိန့်ခွန်းပြောကြား ရန်ရှိနေစဉ် စက်တင်ဘာ ၁၈ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ¤င်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သော အခမ်းအနားတစ်ရပ်သို့ တက်ရောက်ကာ ကုလ သမဂ္ဂပြုပြင်ပြောင်းလဲရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ကုလသမဂ္ဂသည် ယင်း၏စွမ်းပကားကို အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိကြောင်း၊အကြောင်းမှာ ကုလသမဂ္ဂ၏ ဗျူရိုကရေစီယန္တရားမှာ ဖောင်းပွနေပြီး စီမံခန့်ခွဲမှု လွဲချော်နေခြင်းကြောင့်ဖြစ် ကြောင်း၊ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်မှာ ၁၄ဝ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပြီး ကုလသမဂ္ဂဝန်ထမ်းဦးရေမှာ နှစ်ဆကျော် မြင့်တက်လာ ခဲ့ကြောင်း သမ္မတထရန့်ကပြောကြားသည်။
ကုလသမဂ္ဂ၏ စီမံခန့်ခွဲမှုအဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး လုပ်ငန်းစဉ်အရ ဆောင်ရွက် ခြင်းထက် ရလဒ်များအပေါ်အာရုံစိုက်ရန် လိုအပ်ကြောင်း သမ္မတထရန့်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment