Wednesday, September 20, 2017

တရုတ်နှင့် ရုရှားရေတပ် တပ်ဖွဲ့များ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

Image may contain: one or more people, people standing, ocean and outdoor
ဗလာဒီဗော့စတော့ စက်တင်ဘာ ၁၉
တရုတ်နှင့် ရုရှားရေတပ်တပ်ဖွဲ့များသည် ''ပင်လယ်ပြင်အတွင်းပေါင်းစည်းခြင်း ၂ဝ၁၇'' ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်၏ ဒုတိယအဆင့်ကို စက်တင်ဘာ ၁၈ ရက်တွင် စတင်လိုက်ကြောင်း၊ ဗလာဒီဗော့ စတော့ပင်လယ်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည့် တရုတ်ရေတပ်စစ်ရေယာဉ်စုနှင့် ရုရှားရေတပ်စစ်ရေယာဉ်စုတို့ ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန် သည်။
ယခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ ဘောလ်တစ်ပင်လယ်အတွင်း ရုရှားနှင့် တရုတ်ရေတပ်စစ်ရေယာဉ်များ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုအဆင့်-၁ ကိုပြုလုပ်ခဲ့သည်။ ယခုပြုလုပ်မည့် စစ်ဆင်ရေးလေ့ကျင့်မှုအဆင့်-၂ ကို ဂျပန်ပင်လယ်နှင့် အော်ခေါ့စ် ပင်လယ်တို့တွင် ပြုလုပ်သွားရန်စီစဉ်ထားသည်။
တရုတ်နှင့် ရုရှားရေတပ်စစ်ရေယာဉ်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အော်ခေါ့စ်ပင်လယ်အထိ တိုးချဲ့ပြုလုပ်ခြင်း မှာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များသည် ရေငုပ်သင်္ဘောကယ်ဆယ်ရေးနှင့် ရေငုပ် သင်္ဘောတိုက်ဖျက်ရေးလေ့ကျင့်မှုများကို ပထမဆုံးအကြိမ် ပူးတွဲပြုလုပ်မည်ဖြစ်သည်။
တရုတ်စစ်ရေယာဉ်စုတွင် ဒုံးပျံတင် ဖျက်သင်္ဘောတစ်စင်း၊ ဒုံးပျံတင် ဖရီးဂိတ်သင်္ဘောတစ်စင်း၊ ထောက်ပံ့ရေး သင်္ဘော၊ ရေငုပ်သင်္ဘော၊ ကယ်ဆယ်ရေးသင်္ဘောနှင့် ရေနက်ပိုင်း၌ ငုပ်လျှိုးနိုင်သော ကယ်ဆယ်ရေးရေငုပ်သင်္ဘော တစ်စင်းတို့အပြင် သင်္ဘောတင် ရဟတ်ယာဉ်နှစ်စင်းနှင့် ကမ်းတက်တပ်သားများ ပါဝင်လေ့ကျင့်ကြမည်ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment