Wednesday, September 20, 2017

ဂါဇာကမ်းမြောင်ဒေသ အုပ်ချုပ်ခွင့်ကို ပါလက်စတိုင်း ညီညွတ်ရေးအစိုးရအဖွဲ့ထံသို့ လွှဲပေးမည်

Image may contain: one or more people, skyscraper, sky and outdoor
ကိုင်ရို စက်တင်ဘာ ၁၉
ဂါဇာကမ်းမြောင်ဒေသကိုအုပ်ချုပ် သော ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းရန် ဟားမားစ်အဖွဲ့က သဘောတူညီလိုက်ပြီဖြစ်ရာ ယင်း နယ်မြေအားထိန်းချုပ်ခွင့်ကို ပါလက် စတိုင်း ညီညွတ်ရေးအစိုးရအဖွဲ့ တစ်ရပ်ထံသို့ လွှဲပြောင်းပေးအပ်နိုင် မည်ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဟားမားစ်အဖွဲ့သည် ပါလက် စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နှင့် ဆယ်စုနှစ်တစ်ခုကြာမျှ ခါးခါးသီးသီး ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့ပြီးနောက် ဂါဇာ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်း ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အစ္စလာမ္မစ် အုပ်စုဖြစ်သော ဟားမားစ်အဖွဲ့သည် ၂ဝဝ၇ ခုနှစ် တွင် ပါလက်စတိုင်းပြည်တွင်းစစ် ကာလတို ဖြစ်ပွားခဲ့ပြီးချိန်မှစ၍ ဂါဇာ ကမ်းမြောင်ဒေသကို အုပ်စိုးခဲ့သည်။
ပြည်သူနှစ်သန်းနေထိုင်ရာ ဂါဇာ ကမ်းမြောင်ဒေသအား အုပ်စိုးလျက် ရှိသော အုပ်ချုပ်ရေးကော်မတီကို ဖျက်သိမ်းရန် ဟားမားစ်အဖွဲ့က သတ္တိရှိရှိ၊ မျိုးချစ်စိတ်ဓာတ် ပြည့်ပြည့်ဝဝဖြင့် ဆုံးဖြတ်ခဲ့သည် ဆို၏။
ဂါဇာဒေသအားထိန်းချုပ်နိုင်ရေးအတွက် အာဘတ်စ်၏ လောကီ ဦးထိပ်ပန်သော ဖာတာလှုပ်ရှားမှု အဖွဲ့နှင့် အစ္စလာမ္မစ်ဟားမားစ်အဖွဲ့တို့ အကြား ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင် ပြန် လည်သင့်မြတ်ရန် ဦးတည်လာခြင်း ဖြစ်သည်။ သို့ရာတွင် နှစ်ဖက် အာဏာခွဲဝေကျင့်သုံးရေးကဲ့သို့သော ရှုပ်ထွေးလှသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြေရှင်းနိုင်မှုအပေါ် မူတည်ကာ အမျိုးသားပြန်လည်သင့် မြတ်ရေး ပေါ်ထွန်းလာမည်ဖြစ် ကြောင်း သတင်းတွင်ဖော်ပြသည်။
ဟားမားစ်၏ အထက်ဖော်ပြပါ ဆောင်ရွက်ချက်ကို သမ္မတအာဘတ်စ် က ကြိုဆိုသည်။ အာဘတ်စ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်လျက်ရှိပြီး နယူးယောက် မြို့မှ ပြန်လည်ရောက်ရှိသည့်အခါ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထား သည်။
အီဂျစ်နိုင်ငံ၏ ကြားဝင်စေ့စပ် ပေးမှုအရ ဂါဇာအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းရန် ဟားမားစ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment